17(Uni)

466 13 1
                                    

"ဟန်နီတို့ကတော့ အလုပ်လေးလုပ်တာမကြာသေးဘူး။သွားလေရာ အလုပ်ချည်းပဲ။"

မီမီတစ်ယောက် သူငယ်ချင်းဖြစ်သူရှေ့ အသုပ်ပန်းကန်ချပေးရင် အိမ်ရောက်ကတည်းက အလုပ်ကိုပဲအာရုံရောက်နေသူကိုပြောလိုက်သည်။နှစ်ယောက်ဈေးဝယ်မထွက်တာကြာနေလို့ ဈေးဝယ်ထွက်ဖို့ချိန်းထားတာ။ဟန်နီတို့ရင့်ကျက်သွားချက်ကတော့ ဟန်နီနောက်တစ်ယောက်လားပဲ။

"တော့်လို ယောကျ်ားလုပ်စာ ထိုင်စားနေလို့မှမရတာ။လုပ်ရတော့မှာပေါ့။"

အသုပ်ပန်းကန်ကို ကောက်ယူ၍ ဟန်နီကဆို​သည်။

"ကိုယ့်ဘာသာလောဘတတ်တာလောက်တော့လုပ်။"

မီမီစကားကမှန်နေတော့ အသုပ်စားရင်းနဲ့ ဟန်နီက တဟားဟားအော်ရယ်၏။ဟန်နီနဲ့ကိုယူကတည်းက ကို့အလုပ်လေးကူလိုက်၊အိမ်မှုကိစ္စလေးလုပ်လိုက်နဲ့ ကိုယ်ပိုင်အလုပ်လုပ်ဖို့စိတ်ကူးမရှိ။သားမျက်နှာမြင်ရတော့ သားအတွက်ဆိုတဲ့လောဘလေးနဲ့လူငယ်ဖက်ရှင်ဆိုင်လေးဖွင့်မိ၏။ခေတ်လူငယ်တွေနဲ့လိုက်လျောညီထွေနေတတ်တဲ့ ဟန်နီကဆိုင်လေးကို အတန်သင့်အောင်မြင်အောင်စွမ်းဆောင်နိုင်၏။ဆိုင်သေးသေးလေအောင်မြင်တော့ ဆိုင်ကြီးကြီးဖွင့်ချင်တဲ့လောဘလေးက ကပ်ပါလာပြန်ရော။ဆိုင်အကြီးတိုးချဲ့တော့လည်း ခေတ်အရကြော်ငြာဘာညာနဲ့အလုပ်ရှုပ်ရပြန်တယ်။ဟန်နီက အစကတည်းက ကိုယ်တိုင်ကိုယ်ကျလုပ်ရတာသ ​ ဘောကျတဲ့သူဆိုတော့ ကြော်ငြာအတွက်လည်း ကိုယ်တိုင်ခေါင်းစားနေ၏။ကြော်ငြာအတွက်စိတ်ကူးရသော်လည်း သုံးဖို့လူအတွက် ဟန်နီရှာနေတာ မရသေးတော့ အခုချိန်ထိ လက်တော့ထဲခေါင်းစိုက်နေရ၏။

"ကဲပြော ဘာတွေအဲ့လောက်ရှုပ်နေတာလဲ။"

အဲ့အလုပ်မပြီးမချင်း ဈေးဝယ်ထွက်ရကိန်းမမြင်တော့ မီမီဝင်ပြောရ၏။

"ကြော်ငြာဖိုတိုအတွက် လူရှာမရလို့။"

"အဲ့တာက ကြော်ငြာကုမ္ပဏီရဲ့အလုပ်လေဟာ။"

ကြော်ငြာကုမ္ပဏီကြော်ငြာအပ်။ကျသင့်ငွေချေပြီး ကိုယ့်ကြော်ငြာလေးထွက်လာဖို့အသာစောင့်ရုံကို ဟန်နီက ဘာတွေများခက်ခဲနေလဲမသိ။

ငယ်နိုင်Where stories live. Discover now