8(Uni)

498 15 0
                                    

"ညီ မပျင်းဘူးလား။မုန့် သွားစားရအောင်။"

ရှိုင်းတစ်ယောက်တည်း နွေရာသီကျောင်းပိတ်ရက် စာကြိုလုပ်ဖို့ ဘော်ဒါမှာကျန်နေခဲ့တာဖြစ်၏။ခန့်က သူအားတိုင်း ရှိုင်းကို အခုလိုမျိုး အဖော်လာလုပ်ပေးတတ်သည်။ဒီမြို့ကနေရာတော်တော်များများလည်း နှစ်ယောက်သား စက်ဘီးနဲ့ပတ်ဖူးသည်။အခုလည်း ညဘုရားဈေးလျှောက်ဖို့အဖော်ညှိနေပြန်၏။ညဘက်ဆို ဘုရားဈေးက မုန့်အစုံရသည်။အစားသမားလေးရှိုင်းက ဘုရားဈေးဘက်ကို မသွားရဲ။မြင်မြင်သမျှစားချင်နေပြီး ဝယ်ကျွေးနေရတဲ့ခန့်ကို အားနာလာရသည်။

"ကိုခန့် ဒီလာတုန်းက လမ်းထိပ်မှာ မုန့်ဟင်းခါးစတုဒိသာကျွေးနေတာတွေ့ခဲ့တယ်။သွားစားရအောင်။"

စတုဒိသာဆိုတဲ့အသံကြားတာနဲ့ ရှိုင်း၏မျက်လုံးများအရောင်တဖိတ်ဖိတ်လတ်သွားသည်။ဒါမျိုးက အလှူရှင်လည်း ကုသိုလ်ရ၊ကိုယ်လည်းဝမ်းဝတာမလို့ အားပေးသင့်ပေသည်။ပြီးတော့ ရှိုင်းအကြိုက် မုန့်ဟင်းခါးလေး။တွေးကြည့်ရုံတင် သွားရည်ယိုသည်။

နောက်ဆုံးတော့ အစားသရဲလေး ရှိုင်းက မုန့်ဟင်းခါး စတုဒိသာစားဖို့ ပါသွားရလေသည်။

"သားတို့ လာကြ။လာကြ။"

အလှူရှင်များကလည်း ရုပ်အလတ်မြတ်မရွေးကျွေးမွေးကုသိုလ်ယူနေတာမလို့ ရှိုင်းနဲ့ခန့်ကို ဖော်ရွေစွာဧည့်ခံကျွေးမွေးကြသည်။

"ညီက ငှက်ပျောအူတွေကိုကြိုက်တာလား။"

မုန့်ဟင်းခါးထဲမှ ငှက်ပျောအူတွေကို ရွေးယူပြီးစားနေသူကြောင့် ခန့်က မေးလာသည်။

"ဟင့်အင်။မကြိုက်ဘူး။"

ရှိုင်း၏အဖြေကြောင့် ခန့်အံံ့သြသွားရသည်။ရှိုင်း၏အဖြေက ခန့်အတွက် ပဟေဠိဖြစ်စရာဖြစ်နေသည်။

"မဖြုန်းတီးချင်လို့။"

ရှိုင်းက အံ့သြနေသော ခန့်ကို ပြုံး၍ ပြန်ဖြေသည်။

ဟုတ်ပါသည်။ချို့တဲ့ တဲ့ဘဝမှဆင်းသက်လာသူရှိုင်းအတွက် စားရသမျှကို ဖြုန်းတီးမပစ်ရက်။အစားသမားလေး ရှိုင်းက အစားအပေါ်ထားတဲ့ သစ္စာတစ်ရပ်လည်းဖြစ်သည်။အရင်ကဆိုရင် ရှိုင်းမကြိုက်တာမှန်သမျှ မာန်က ယူစားပေသည်။အခုလို ယူစားပေးမယ့် မာန်မရှိတဲ့အချိန်မှာ ရှိုင်းက ကိုယ့်ဘာသာကြိုးစား စားသည်။မကြိုက်တာများကို အရင်ရွေးပြီး စားတတ်တာလည်း ရှိုင်း၏အကျင့်တစ်ခုပင်။ဒီအကျင့်ကြောင့်လည်း မာန်က ရှိုင်းကို အရူးဆိုပြီးအမြဲစနောက်သည်။

ငယ်နိုင်Where stories live. Discover now