30(Uni)

519 10 0
                                    

"နိုင်ငံခြားကိုကျောင်းသွားတက်ချင်တယ်တဲ့။"

"သူတက်ချင်ရင် သွားတက်ခိုင်းလို့ရပါတယ်။ဒါပေမယ့် ဒီပုံစံနဲ့တော့ ကျွန်တော်မလွှတ်နိုင်ဘူး အန်တီချို။"

"သားမာန်၊အန်တီချိုတစ်ခုလောက်ပြောချင်တယ်။သူ့ကိုယ်စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ခဏလောက်လွှတ်ထားပေးလိုက်ပါ့လား။"

ဟန်နီချိုရဲ့စကားကြောင့် မာန်ကသူ့ဆံပင်များကိုစိတ်ရှုပ်စွာဖြင့်ထိုးဖွလေသည်။မာန်နဲ့ဟန်နီချို ရှိုင်းသတိရလာကတည်းက အချေအတင်ဖြစ်နေရတာ။ကာယကံရှင်က အဖျားတွေကြီးပြီး သတိလစ်သွားလို့ ဆေးရုံတက်လိုက်ရသည်။လူကပြန်သတိရလာပေမယ့် သတိရလာကတည်းကဖြစ်ကြောင်းကုန်စဥ်ကိုတစ်ခွန်းမှမဟ။နိုင်ငံခြားကိုကျောင်းသွားတက်ဖို့သာတွင်တွင်ပြောနေ၏။လူပုံစံကလည်းမရွှင်မပျဆိုတော့ အားလုံးစိုးရိမ်နေကြရ၏။ရှိုင်းရဲ့ပုံစံကိုကြည့်ပြီး ဟန်နီချိုနဲ့မာန်ကလည်းအမြင်မတူကြတော့။ဟန်နီချိုက သားဖြစ်သူကိုကြည့်ပြီး သူစိတ်ချမ်းသာတာကိုရွေးချယ်စေချင်သည်။အခုသူမြင်နေရတဲ့ရှိုင်းပုံစံကသူ့အတွက်အဆင်မပြေချင်။ရှိုင်းအကြောင်းကိုသိနေတဲ့မာန်က အခုသူမြင်နေရတဲ့ရှိုင်းက ရွေးချယ်နေတာမဟုတ်။ရှောင်ပြေးချင်နေတာမှန်းကောင်းကောင်းသိနေ၏။ဒါကြောင့်လည်း သူ့အနေနဲ့ခွင့်မပြုချင်။ပြဿနာကို သူ့ပါးစပ်ကဖွင့်လာမယ့်အချိန်အထိစောင့်ပြီးဖြေရှင်းပေးချင်သည်။မာန်က အဲ့လောက်စိတ်ရှည်တတ်သူမဟုတ်ပေမယ့် အခုသူမြင်နေရတဲ့အခြေအနေအရ သူဘက်ကစိတ်ရှည်သဘောထားကြီးပေးခြင်းပင်။ရှိုင်းနဲ့ပက်သတ်ပြီးလည်းအဆိုးဆုံးအခြေအနေထိတွေးပြီး သူ့စိတ်ကိုပြင်ဆင်ပြီးသား။ဟန်နီချိုကကျတော့ မာန်နဲ့အမြင်မတူ။အခုဖြစ်နေတဲ့အခြေအနေကနေ ရှိုင်းကိုရုန်းထွက်ခွင့်ပေးချင်သည်။မာန့်ကိုပါလက်လွှတ်စေချင်နေသည်။ပြဿနာတွေအားလုံးကိုမာန်ကအရင်းခံသည်ဟုထင်မှတ်နေ၏။မာန့်အနေနဲ့ဆိုရင် သူကြောင့်ဆိုရင်တောင် လက်မလွှတ်နိုင်တာ။ဟန်နီချိုပြောသမျှကဘယ်လိုဖြစ်နိုင်မလဲ။

"အစ်မ၊ကလေးကိုတစ်ချက်လောက်လာကြည့်ပါဦး။"

သူနာပြုဆရာမလေး၏စကား​ကြောင့် မာန်နဲ့ဟန်နီချိုစကားစပြတ်သွားလေသည်။ဟန်နီချိုကလည်း မာန့်ကိုတစ်ချက်ကြည့်ပြီး သူနာပြုဆရာမလေးခေါ်ဆောင်ရာ ကလေးဆောင်ဆီသို့လိုက်သွားသည်။မိခင်ရင်ခွင်ထဲမှာရှိသင့်နေတဲ့ရက်သားအရွယ်ကလေးက ခရီးကပန်း၊မိုးကလည်းမိဆိုတော့ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီးစောင့်ကြည့်နေရ၏။ကလေးလေးနဲ့ပတ်သက်ပြီးရေရေရာရာမသိသေးပေမယ့် ရှိုင်းလက်ထဲပါလာတဲ့ကလေးဆိုတော့ ရှိုင်းနဲ့တစ်နည်းမဟုတ်တစ်နည်းပတ်သက်နေမှာသိလို့ အထူးဂရုစိုက်ပေးကြသည်။မာန်ဆိုရင် ဆေးရုံကဆင်းရင် ကလေးပါနေလို့အဆင်ပြေအောင်သူတို့တိုက်ခန်းလေးမှာကလေးနဲ့ပတ်သက်တာလေးတွေဝယ်ဖြည့်နေတာ။ကိုယ့်ဘက်ကဒီလောက်ထိလိုက်လျောနေတာကို ဆုံးဖြတ်ချက်တွေသူ့ဘာသာချပြီးထင်ရာလုပ်ချင်နေသူကို မာန်စိတ်ရှိလက်ရှိသာပေါက်ကွဲပြီးအော်ပစ်ချင်သည်။ဟန်နီချိုကလည်း မာန့်စိတ်အနေအထားကိုခန့်မှန်းမိလို့ထင်၏။မာန်နဲ့ရှိုင်းကိုနှစ်ယောက်တည်းပင်လွှတ်မထား။

ငယ်နိုင်Where stories live. Discover now