"မာမီ သားပြန်ရောက်ပြီ။"
ကျောင်းမှာ assigment တွေတစ်ထပ်ကြီး
ရော၊လက်တွေ့တွေရောလုပ်ခဲ့ရတဲ့ရှိုင်း အိမ်ပြန်ရောက်တော့ ရေအေးအေးလေးချိုးပြီးနားဖို့သာစိတ်စောနေ၏။ဖိနပ်ကိုစင်ပေါ်သို့ချွတ်တင်ရင်း သူ့မာမီကိုပြန်ရောက်ကြောင့် တစ်ခါတည်းအသိလှမ်းပေး၏။"သားငယ်ဘယ်သူရောက်နေလဲကြည့်ပါဦး။"
ဧည့်ခန်းမှမာမီ့အသံကြောင့် ဧည့်ခန်းဆီမျက်လုံးဝေ့ကြည့်မိသည်။အကြည့်များက ဧည့်ခန်းမှတစ်စုံတစ်ယောက်ဆီအရောက်ရပ်တန့်သွားရသည်။
အရင်က ဘောင်းဘီတို၊တီရှပ်လေးနေရာမှာ ဂျင်းနဲ့ရှပ်လက်ရှည်အစင်းတစ်ထည်ကပြောင်းလဲနေရာယူသွားပေမယ့် အရင်လိုတည်တံ့တဲ့မျက်နှာရှိဆဲပင်။ရှိုင်းကိုကြည့်လာတဲ့မျက်လုံးတွေကလည်းအရင်လိုစူးရှနေဆဲ။
"သားငယ်လာလေ။"
နေရာမှာတင်အကြောင်သားရပ်နေတဲ့ရှိုင်းကို သူ့မာမီက လာထိုင်ဖို့ခေါ်၏။သူ့မာမီထိုင်နေတဲ့ဆိုဖာမှာဝင်ထိုင်လိုက်ပေမယ့် ရှေ့မှာရှိနေတဲ့လူကို ဘယ်လိုစပြီးစကားပြောရမှန်းရှိုင်းတကယ်မသိ။
"သားငယ်စေ့စပ်ပွဲအတွက် သားမာန်ကရောက်လာတာ။"
ဒီကြားထဲ ညီအစ်ကိုချင်းအဆက်အသွယ်လည်းမရှိလေတော့ အခြေအနေကိုရိပ်စားမိလေတဲ့ ဟန်နီကပဲစကားလမ်းကြောင်းခင်းပေး၏။
"သားငယ်ရဲ့အမေက သားကျောင်းပြီးမှပဲစေ့စပ်ပွဲကိုလုပ်စေချင်တာတဲ့။သားသဘောကရော။"
"အမေသဘောမတူရင် သားလည်းမလုပ်ပါဘူး။ဒါနဲ့ အမေကရောဘာလို့ပါမလာတာလဲ။"
"သားအမေက ရက်ရှည်တရားစခန်းဝင်နေလို့
သားမာန်ကိုလွှတ်လိုက်တာ။ဒီကိစ္စကို သားကပဲ ကိုခန့်ကိုအဆင်ပြေအောင် ကြည့်ပြောလိုက်တော့။""ဟုတ် မာမီ သားပြောလိုက်ပါ့မယ်။"
"သားမာန်လည်း ခရီးပန်းလာတာ နားချင်ရောပေါ့။ရေမိုးချိုးပြီးနားဖို့ သားအခန်းထဲခေါ်သွားလိုက်ဦး။"
"ဟုတ် မာမီ။"
နှစ်ယောက်သား အပေါ်ထပ်ရှိ ရှိုင်းအခန်းဆီကိုတက်လာပေမယ့် တစ်ယောက်ကမှစကားမစမိကြ။အခန်းထဲရောက်တော့ အိမ်ရှင်ဖြစ်တဲ့ရှိုင်းကပဲ ရေချိုးဖို့တဘက်ထုတ်ပေး၍

YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest