4(Uni)

684 21 0
                                    

"မမြတ်ချယ်တို့ သားအမိ ဒီဘက်ကိုလာထိုင်ပါ။"

အလှူရှင် ဒေါ်မြင့်ခေါ်သည့် ဝိုင်းဘက် ရှိုင်းတို့သားအမိသွားရောက်ထိုင်လိုက်ကြသည်။

"ကျန်တဲ့သားတစ်ယောက်ရောမပါဘူးလား။"

"သူက ဒီလိုပွဲမျိုးဆို ဘယ်လိုမှခေါ်မရဘူး။အငယ်ကောင်ကသာ ကျွန်မနဲ့ဘယ်သွားသွားလိုက်တာ။"

ဒေါ်မြင့်၏နှုတ်ဆက်စကားများကို ဒေါ်မြတ်ချယ်က ပြုံးရွှင်စွာဖြင့် တုံ့ပြန်လေသည်။ဒီနေ့တစ်ဖက်ရွာမှ ဒေါ်မြတ်ချယ်၏မိတ်ဆွေကအိမ်တတ်အလှူရှိသဖြင့် လာကြတာဖြစ်၏။လူ့ကန့်လန့်မာန်ကတော့မပါ။အိမ်စောင့်ကျန်နေခဲ့သည်။

"ဒါက အငယ်ကောင်လား။ငယ်ငယ်တုန်းကများချူချာပြီးလူကနုပ်လိုက်တာ  အခုတော့
ဖြူဖြူသန့်သန့်လူချောကြီးကိုဖြစ်လို့။"

"မမြင့်က အကြီးကိုမမြင်ဖူးသေးလို့။အကြီးကလည်း တစ်မျိုးချောတာပဲ။"

စားပွဲဝိုင်းမှာ အတူထိုင်နေသော ဒေါ်မြတ်ချယ်မိတ်ဆွေ အကြောင်းသိတစ်ဦးကပါ ရှိုင်းတို့ညီအစ်ကိုနှစ်ယောက်အကြောင်းကို ဝင်ရောက်ပြောဆိုလေသည်။

"ဒါပဲနော် မြတ်ချယ်။ခမည်းခမက်တော်ရမှာပဲ။"

"မြတ်ချယ်ပြောလိုက်။ခမည်းခမက်တော်ရမှာလား ချွေးမတော်ရမှာလားလို့။"

အလှူက အသိတွေအနည်းအကျဥ်းဖြင့် ပြုလုပ်တာဆိုတော့ အပျိူကြီးမမြင့်ကို အကြောင်းသိများက ဝင်ရောက်စနောက်ကြသည်။

"ဒီဝါကျွတ်ရင် ငါ့အတွက်လက်ဖွဲ့လိုက်ဖို့သာပြင်ထား။"

"ဟား.....ဟား....."

မမြင့်၏စကားကြောင့် အားလုံးတဟားဟားဖြင့်ပွဲကျသွားသည်။

ရှိုင်းကတော့ လူကြီးစကားဝိုင်တွေမပါ။သူ့အကြိုက်မုန့်ဟင်းခါးဆီမှာအာရုံအပြည့်ထားနေ၏။အကြော်စုံ၊ကြက်ဥအများအပြားနှင့် မုန့်ဟင်းခါးက ရှိုင်းအကြိုက်ဖြစ်ပြီး တစ်ဆက်တည်း အလှူကိုခေါ်မရခဲ့တဲ့မာန့်အတွက်ပါ စိတ်မကောင်းဖြစ်သွားရသည်။ဒီလိုအစားကောင်းမျိုး မာန်လည်းစားရသင့်သည်။

ငယ်နိုင်Where stories live. Discover now