"သားငယ် သားမာန်ကိုပါ ခေါ်သွားလိုက်ပါ။"
ဟန်နီ သားဖြစ်သူကိုနားကပ်ဝတ်ပေးရင်း နောက်တစ်ခါချော့ပြောကြည့်သည်။ခန့်ခန့်နဲ့ကလပ်သွားချင်တယ်ဆိုလို့ အရွယ်မငယ်တော့တဲ့သားကို ဟန်နီတို့ကအသာတကြည်ပဲခွင့်ပြုပေးထားသည်။မာန်တစ်ယောက်တည်းအိမ်မှာပျင်းနေမှာဆိုးလို့ခေါ်သွားခိုင်းတာသားဖြစ်သူက မခေါ်ချင်ဖြစ်နေ၏။
"မာမီကလည်း....."
"သားနော် မာမီမကြိုက်ဘူး။ညီအစ်ကိုလေးနှစ်ယောက်ရှိတာ အဲ့လိုမျိုးမလုပ်ရဘူး။"
"မာမီ သူ့အကြောင်းကို မသိဘူးနော်။"
"မာမီ့သားအကြောင်းတော့သိတယ်။သူက သားကိုမခေါ်လို့ သားကစိတ်ကောက်နေတာမလား။"
"သားက စိတ်ကောက်ရအောင်ကလေးမှမဟုတ်တာ။"
"ဟုတ်ပါပြီ။ကလေးမဟုတ်ရင်လည်း အဲ့မျက်နှာကြီးက ဆူပုပ်မထားပါနဲ့။တော်ကြာပဲများထားတာလေးတွေမလှဘဲနေမယ်။"
ဟန်နီက သားဖြစ်သူ၏ပါးနှစ်ဖက်ကိုဖဲ့၍ စနောက်လိုက်သည်။ကလပ်သွားခွင့်ပေးမယ်ဆိုကတည်းက နားပေါက်ဖောက်၊ဆံပင်ကာလာပြောင်း၊မျက်ကပ်မှန်လုပ်နဲ့ အပြတ်အွန်ထားတာ။
"နဂိုရှိမှနဂိုင်းထွက်တာတဲ့။မာမီသားကို အစကတည်းက ချောအောင်မှမွေးမပေးထားတာ။"
ဆူပုပ်ပုပ်နဲ့ပြန်ပြောတဲ့သားဖြစ်သူက ဟန်နီအတွက်ကလေးလေးပင်။
"မာမီမှားတာပါ။သားသားမွေးတုန်းက ဘဲတစ်ကောင်ကိုကြည့်ပြီးမွေးလိုက်မိတာ။အဲ့တာနဲ့ ဒီလိုဘဲနှုတ်သီးလေးပါလာရော။"
"မာမီ!"
"ဟား...ဟား..."
ဟန်နီက စိတ်တိုပြီးခြေဆောင့်နေတဲ့သားဖြစ်သူကိုကြည့်ပြီးတဟားဟားအော်ရယ်လေသည်။သားဖြစ်သူက မခံချင်မှန်းသိလို့သပ်သပ်စနေတာပင်။အနက်ရောင်ဂျင်းဒူးပြဲလေးနဲ့တီရှပ်အဖြူလေးကို အပေါ်ကနေရှပ်လက်တိုအနက်စင်းလေးထပ်ဝတ်ထားသည့်သားဖြစ်သူကတကယ်ကြည့်ကောင်းလေသည်။ဆံပင်ရွှေအိုရောင်လေးနဲ့ နားမှာနားကပ်သေးသေးလေးတစ်ခုကလည်းအရိုင်းဆန်မနေဘဲတစ်မျိုးကြည့်ကောင်းနေ၏။

YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest