28(Uni)

432 5 0
                                    

"ငါ့ကိုလာကြိုတာလား။"

"ဟင့်အင်၊လမ်းလျှောက်လာတာ။"

မာန့်စကားကြောင့် ရှိုင်းနှုတ်ခမ်းမသိမသာစူလေသည်။ရှိုင်းအိမ်ပြန်နောက်ကျတိုင်း ဘတ်စ်ကားမှတ်တိုင်းနားရောက်နေတတ်တဲ့မာန်က အခုလိုမျိုး အမှန်အတိုင်းဘယ်တော့မှမပြော။ဝေ့လည်ကြောင်ပတ်ပြောပြီး ရှိုင်းကိုစနောက်တတ်မြဲ။

"ဒီနေ့ရော ကံမကောင်းတဲ့သူဘယ်နှယောက်ရှိလဲ။"

အလုပ်သင်ဆရာဝန်ပေါက်စ ရှိုင်းက အများအမြင်မှာ ဘယ်လောက်တော်နေပါစေ။မာန်ကတော့ အခုလိုစနောက်မြဲ။

"ဘာမှကံမကောင်းတဲ့သူမဟုတ်ဘူး။ငါနဲ့တွေ့တဲ့လူကကံကောင်းတဲ့သူ။လူနာစောင့်ပါလာတဲ့အန်တီကြီးကတောင်ပြောနေသေးတယ်။ဆရာဝန်လေး မျက်နှာမြင်ရင် ရောဂါတစ်ဝက်သက်သာတယ်တဲ့။"

"အဲ့ဒီအန်တီကြီးရဲ့မျက်လုံးမှာပြဿနာတစ်ခုခုရှိနေပြီ။"

"အဲ့ဒီအန်တီကြီးရဲ့မျက်လုံးမှာပြဿနာရှိနေတာမဟုတ်ဘူး။မင်းမျက်လုံးမှာကပြဿနာရှိနေတာ။"

မာန်ကမကြိုက်မှန်းသိလို့စ။ရှိုင်းကလည်းမခံ။ဒါကတော့ အိမ်ပြန်လမ်းမှာ သူတို့နှစ် ယောက်ရဲ့ဖြစ်ရိုးဖြစ်စဥ်ပင်။

"မာန်၊ကျောလေးပို့ပါ့လား။"

သတ်လို့ဝသွားတော့ ရှိုင်းကလူလည်ကျချင်သည်။ဘတ်စ်ကားမှတ်တိုင်ကနေအိမ်အထိလမ်းမလျှောက်ချင်တော့ မာန့်ကိုထုံးစံအတိုင်းဂျီကျသည်။

"နိုး။"

မာန်ကလည်း ရှိုင်း လူလည်ကျတာကိုမခံ။လိုချင်တာရှိရင် အပြောချိုတတ်တဲ့မြတ်သုတရှိုင်းရဲ့လူလည်ကျတတ်တဲ့စကေးတွေကို မာန်လည်းခံရတာများနေပြီလေ။

"လုပ်ပါ မာန်ရဲ့။ဒီနေ့ ဆေးရုံအပေါ်ထပ်နဲ့အောက်ထပ်ကို ခြေတိုအောင်ကူးခဲ့ရလို့ညောင်းနေပြီ။"

"ဟုတ်လား။"

"တကယ်ညောင်းတာ။"

"တကယ်ညောင်းတာလား၊သြော်....."

"မာန်!"

မာန်က ရှိုင်းပြောသမျှကိုလိုက်နောက်နေတော့ ရှိုင်းစိတ်တိုပြီးအော်လေသည်။ရှိုင်း စိတ်တိုတာကြည့်ပြီး မာန်ကရယ်သည်။စိတ်တိုနေတဲ့ရှိုင်းက မာန်ရယ်နေတာကိုကြည့်၍ဒေါသပိုထွက်ပြီး မာန့်ကိုကိုက်ဆွဲဖို့ပြင်လေသည်။မာန်က သူ့ကိုကိုက်ဖို့အနားကပ်လာတဲ့ရှိုင်းကိုအကပ်မခံ။ရှေ့ကိုနောက်ဆုတ်ပြေးလေသည်။သူ့ကိုမမိလို့ဒေါသပိုထွက်နေတဲ့ရှိုင်းကိုလှောင်ရယ်ရင်းပေါ့။

ငယ်နိုင်Where stories live. Discover now