နားလည်ရခက်သူ

927 51 12
                                    

"အမေ့.."
မယ်မင်းကို အထဲလှမ်းဆွဲလိုက်ပြီး ဓာတ်လှေကား တံခါးပါ ပိတ်လိုက်တော့ မယ်မင်း လန့်သွားတယ်။ သေချာမော့ကြည့်လိုက်မှ ဘုန်းမာန်ဖြစ်နေတာမို့ စိုးရိမ်စိတ်ပြေသွားပြီး ဒေါသလေးထွက်လာမိတယ်။မယ်မင်းကို ကိုင်ထားတဲ့ လက်တွေကို အတင်းရုန်းတော့ လက်တစ်ဖက်ကိုလွတ်ပေးလိုက်တာမို့ သူကိုထုရိုက်နေမိတယ်။

"အင့် အင့် အမြဲတမ်း နင်လုပ်ချင်တာပဲ လုပ်တယ်။ ငါကနင့်ကစားစရာမဟုတ်ဘူး သိလား လွတ်လို့ ပြောနေတယ် လွတ်အခု"

"ငြိမ်ငြိမ်နေ ကိုပြောစရာရှိတယ်"

"မသိဘူး နားလည်းမထောင်ဘူး နင်နဲ့လည်း ဘာမှပြောစရာမရှိဘူး လွတ်လို့ပြောနေတယ် အင့် အင့်"

"မယ်မင်း တော်ပြီနော် ကိုယ်ပြောစရာရှိတယ်လို့ ငြိမ်ငြိမ်မနေရင် မင်းကို ဒီနေရာမှာတင် ဖက်နမ်းပစ်လိုက်မှာနော်"

ဘုန်းမာန်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မယ်မင်းတစ်ယောက်ငြိမ်သက်လို့သွားတယ်။ မဟုတ်ရင် သူက ပြောသလိုလုပ်တတ်တာကြောင့် မယ်မင်းတကယ်ကြောက်ရပါသည်။

"ဟွန့် မရုန်းတော့ဘူးလား"

"နင် နင်နော် လက်ကိုအရင်လွတ် ပြီးမှပြော"

"မင်း နားထောင်မှာလား ထွက်မပြေးဘဲ အဲ့တာဆို လွှတ်ပေးမယ်"

"ငါက ဘယ်လိုပြေးရမလဲ ဓာတ်လှေကားထဲမှာ ခုန်ချရမှာလား လွှတ် အခု"

မယ်မင်းပြောလိုက်တော့မှ ကောင်လေးက ပြုံးစိစိနဲ့ စဉ်းစားပြီး လွှတ်ပေးလိုက်တယ်။ မယ်မင်းလက်ကောက်ဝတ်လေးနာနေတော့ ကိုင်ပြီး လှည့်နေတယ်။

"နာသွားလား အဲ့တာကြောင့် မင်းကို ငြိမ်ငြိမ်နေလို့ ပြောတာပေါ့ ပြ အရမ်းနာသွားလား"

ဘုန်းမာန်က သူနဲ့ဘာမှမဖြစ်ထားသလို မယ်မင်းလက်ကိုဆွဲပြီး မယ်မင်းနဲ့ စကားပြောနိုင်လောက်အောင် အေးဆေးနေပေမယ့် မယ်မင်းမှာတော့ သူ့လိုသွေးမအေးနိုင်ပေ။ သူကို့ငေးကြည့်ရင်း စိတ်ထဲအလိုလိုဝမ်းနည်းလာကာ မျက်ရည်မကျအောင် ထိန်းရင်း

"ရတယ် မကိုင်နဲ့ ဖယ် ။ နင်ဘာပြောမလို့လဲ နင်လိုချင်တယ်ဆိုတဲ့ ဖိနပ်လည်း နင်ရပြီပဲ"

First (season 2)Where stories live. Discover now