မယ်မင်း တစ်ယောက် ဘုန်းမာန်ကိုတွန်းပြီးမယ် : "ဖယ် အသံမထွက်နဲ့နော် ဘယ်သူမှန်းမသိလို့ အခန်းထဲကလည်းထွက်မလာနဲ့ ကြားလား ကြားလားလို့"
ဘုန်းမာန် : "ကိုယ်မှန်းသိတော့ မကောင်းဘူးလား တစ်ခါထဲ လူသိသွားတာပေါ့ ဖယ် ကိုယ်သွားဖွင့်လိုက်မယ်"
သူကဘာသဘောနဲ့ ဘာကိုသိတာ ကောင်းတယ်ပြောနေမှန်းမသိပေမယ့် မယ်မင်းကတော့တစ်ယောက်ထဲနေသူမို့ ကိုအရမ်းချစ်ရသူဖြစ်ပေမယ့် ကိုနဲ့ ဘာမှမဆိုင်တဲ့သူတစ်ယောက်နဲ့ ညဘက်အတူရှိနေတာ ဘယ်သူ့ကိုမှမသိစေချင်ပေ။
"ဘာကိုကောင်းရမှာလဲ နင်နဲ့ ငါကဘာမှမဟုတ်ဘူး ငါကတစ်ယောက်ထဲနေပေမယ့် တွေ့တဲ့လူအိမ်ပေါ်ခေါ်တင်ထားပါတယ်လို့ သူများသိသွားမှာ မလိုချင်ဘူး အဲ့တော့ကျေးဇူးပြုပြီး ဒီမှာပဲနေပေးပါ"
မယ်မင်းပြောလိုက်တဲ့စကားကြောင့် စောနကရီကျဲကျဲနဲ့ ပြောနေသော ဘုန်းမာန်မှာ ချက်ချင်းမျက်နှာတည်သွားကာ
"အဲ့တော့ ကိုယ်က တွေ့ကရာလူပေါ့ မင်းတွက်ဘာမှမဟုတ်တဲ့သူပေါ့ဟုတ်လား ဟင်းး ကောင်းပြီလေ သွားပါ ကိုယ်ဒီမှာပဲနေလိုက်မယ်"
မယ်မင်းလည်း သူဇွတ်လုပ်မှာကြောက်ပြီး လွှတ်ခနဲပြောလိုက်ပေမယ့် ပြောလိုက်တဲ့ စကားလွန်သွားမှန်းသိကာ သူစိတ်ဆိုးသွားပြီမှန်းသိလိုက်ရသည်။ သူစိတ်ဆိုးသွားတာကိုရှင်းပြဖို့လုပ်ချင်ပေမယ့် အရှေ့ကတံခါးခေါက်နေတာမို့ တစ်ချက်ကြည့်ပြီး ဖုန်းကိုယူကာအခန်းပြင်ထွက်ခဲ့ရသည်။
ထွက်လာပေမယ့် အခန်းထဲမှာငြိမ်သက်ပြီးကျန်ခဲ့တဲ့ကောင်လေးကြောင့် စိတ်တို့ရှုပ်ထွေးနေရလေသည်။
တံခါးဖွင့်လိုက်တော့ ကိုရှိန်း(✍️ချီးကားတိုက်ခံရမဲ့သူ🤣)တစ်ယောက် အပြင်မှာမိုးကသည်းနေတာမို့ မိုးရေတွေစိုရွဲနေကာ လက်ထဲမှာလည်း အထုတ်တွေနဲ့ ရပ်နေလေသည်။ ကိုရှိန်းကိုတွေ့တော့ မယ်မင်းအံ့ဩသွားရလေသည်။ ညကလည်း ၁၁နာရီလောက်ဖြစ်နေတော့ မယ်မင်းလည်း အိမ်ထဲခေါ်ဖို့ စဉ်းစားနေရသည်။ ပိုဆိုးသည်က အထဲမှာ ဘုန်းမာန်ရှိတာကြောင့် ကိုရှိန်းသာ သိသွားရင် ကိုကိုရော မကြီးတို့ပါ သိသွားမှာဆိုးတာကြောင့် မယ်မင်းတစ်ယောက် ခေါင်းမွှေးထောင်မတက်လန့်နေရလေသည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ