ကိစ္စရပ်တွေဖြစ်ပြီး အိမ်ပြန်ရောက်တာ သုံးလေးရက်ရှိပေမယ့် စိတ်ကအခုထိအနည်မကျသေးပေ။လူမနေတာကြာလို့ အခန်းက အနည်းငယ်ဖုန်တက်နေတာကြောင့် သန့်ရှင်းရေးလုပ်ဖို့ မင်္ဂလာပွဲအကြောင်ပြပြီး ရန်ကုန်ရောက်လက်စနဲ့မို့ ကိုရှိန်းကို ခွင့်တောင်းကာ ဒီမှာ သုံးလေးလ လောက် နေဖို့ဆုံးဖြတ်လိုက်သည်။အိမ်စရောက်ထဲက ဘာမှမတွေးမိအောင် အိမ်အလုပ်နဲ့ လက်နဲ့မပျက်လုပ်တာကြောင့် အကုန်ပြီးသွားချိန်မှာ မနက်နိုးထဲက တစ်နေ့လုံးခေါင်းထဲ ငြီစီစီဖြစ်နေကာ ညနေရောက်တော့ နေစောင်းနေပေမယ့် လန်းသွားအောင် ရေအကြာကြီးစိမ်ချိုးကာ ခေါင်းလျှော်နေမိသည်။ရလဒ်ကတော့ နှာသီးတွေ နီရဲလာကာ နှာရည်ပူတွေကျလာတော့သည်။ညဘက်လည်း ရောက်ပြီမို့ ဆေးလည်းထွက်မဝယ်နိုင် အိမ်မှာလည်း ဘာစားစရာမှ မရှိတာကြောင့် ရေနွေးလေးတည်ပြီး ကော်ဖီဖျော်သောက်ကာ အိပ်ရာထဲ လှဲနေလိုက်တော့သည်။ည 9:00ထိုးလောက်တွင် ခေါင်းက လုံးဝမထူနိုင်တော့သည်အထိကိုက်ပြီး အဖျားတွေတက်လာတော့သည်။လူကမလှုပ်နိုင်ချိန် ဖုန်းက ထမြည်တာကြောင့် ဘယ်သူလဲမကြည့်နိုင်တော့ကာ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို အဟွတ် အဟွတ်"
"မင်း နေမကောင်းဘူးလား မယ်မင်း"
ဟိုဘက်က အသံကြောင့် screen ကိုကြည့်လိုက်မှ မောင်ဖြစ်နေလေသည်။ကိုဖျားနေပေမယ့် သူ့ကိုမသိစေချင်တာကြောင့်
"ကောင်းပါတယ် ဘာ ဘာပြောမလို့လဲ"
"အင်း ကိုယ် ဟိုနေ့ကပေးထားတဲ့ စာရင်းအချုပ် လိုချင်လို့"
ဘုန်းမာန်ပြောပြီး တော်တော်ကြာသည်အထိ ဟိုဘက်က အသံမထွက်တော့
"ဟယ်လို မယ်မင်း ကြားလား"
လူက မူးရိပ်ရိပ်ဖြစ်နေပေမယ့် သူစိတ်ပူမှာ မလိုလားတာကြောင့် အားတင်းပြီး
"ဟုတ် ကိုဘုန်းမာန် မယ် မယ်မင်း မနက်ဖြန်လာပေးပါမယ်"
"မဟုတ်ဘူး ကိုအခုလိုချင်တာ"
"အခုက ညဘက်မို့ ပြီးတော့ ဟို ဟို"
မယ်မင်း ဖျားနေကြောင်းလည်း မပြောချင်တာကြောင့် တဟို ဟို ဖြစ်လို့နေသည်။တိတ်ဆိတ်နေရာမှ ခဏအကြာတွင်
YOU ARE READING
First (season 2)
Lãng mạnဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ