သူချန်ထားခဲ့တဲ့နေရာမှာ

431 31 6
                                    

အခန်းထဲမှာလုံးဝမရှိတာသေချာသွားတဲ့နောက် အရူးတစ်ယောက်လို ဦးအဂ္ဂမာန်ဆီပြေးသွားမိပြန်သည်။အရူးမီးဝိုင်း ဦးအဂ္ဂမာန်အိမ်ထဲမှာ အပြေးလွှားရှာဖွေပေမယ့် သူမလေးရဲ့ အငွေ့သတ်ပင် မရခဲ့ပေ။ သူဖြစ်နေတာကို ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတဲ့ ဦးအဂ္ဂမာန်ဆီပြေးသွားကာ သူ့ကိုဘာမှမပြောရသေးခင် မရပ်မနားထိုးကြိတ်လိုက်တော့သည်။ဘေးက သူမလေးရဲ့ တပည့် ချာတိတ်ကပါ ဝင်ဆွဲတော့ သူ့ကိုပါ ထိုးချလိုက်ပြီး မကြာခင်ပဲ ငထွဋ်အပါဝင်လေးယောက်သား ထိုးကြိတ်သတ်ပုတ်ကျတော့သည်။ နောက်ဆုံးမှာ လေးယောက်လုံးမောပန်းလာကာ ရပ်နားလိုက်ပြီး ဧည့်ခန်းမှာထိုင်အမောဖြေနေကျသည်။ ခဏအကြာမှ ဦးအဂ္ဂမာန်က သူ့သားဖြစ်သူကို အခန်းထဲသွားခိုင်းတော့ ရဲထွဋ်လည်း အလိုက်တသိရှောင်ပေးကာ သူတို့နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

ဦးအဂ္ဂမာန် :  "ကိုယ် သူ့ကို မင်းဆီကဆွဲထုတ်ပြီး ကို့အနားထားချင်တာမှန်တယ်။ကိုယ်သိတယ် မင်းကိုယ့်ကိုစိတ်ဆိုးနေမှန်း ဒါပေမယ့် ပြည့်ဖုန်းမာန် မင်းသိဖို့တစ်ခုက မယ်မင်းကမင်းအတွက်တန်ဖိုးရှိသလို ကိုယ့်တွက်လည်း လွယ်လွယ်ကူကူ မစွန့်လွတ်နိုင်ဘူး"

ပြည့်ဘုန်းမာန် : "ခင်ဗျားးလိုဘေးလူတောင် ဒီလောက်သူ့ကိုလိုချင်နေရင် ချစ်သူတစ်ယောက်ဖြစ်တဲ့ ကျုပ်ကသူမလေးကို ကျုပ်အနားမှာထားဖို့ ဘယ်လောက်တောင် အရူးလိုကြိုးစားခဲ့ရမှန်း ခင်ဗျားကိုယ်ချင်းစာကြည့်ပေါ့ဗျာ"

ဦးအဂ္ဂမာန် : "ကိုယ်က မယ်မင်းတွက် ဘယ်တုန်းကမှ ဘေးလူမဟုတ်ဘူး ဘုန်းမာန်"

ပြည့်ဘုန်းမာန် : "ဟားး ခင်ဗျား သူမအနားမှာနေခဲ့ရတဲ့ ငယ်ငယ်ကအချိန်ခဏနဲ့တောင် ခင်ဗျားဒီလောက်သူမကိုလက်မလွှတ်နိုင်ရင် ကျုပ်ရော ကျုပ်ကရော"

ဦးအဂ္ဂမာန် : "ကိုယ်မသိဘူး အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ဘုန်းမာန်။အဲ့တော့ ကိုယ့်ဘက်ပါအောင် ကိုကတော့ လုပ်ခဲ့တာပဲ။ဒါပေမယ့် ဘာမှမထူးခဲ့ပါဘူး အဟင်းးး ။နောက်ဆုံးမှာ သူမက မင်းအတွက်ရွေးခဲ့တာပဲ။မင်းအလုပ်တွေအဆင်ပြေသွားတာ မင်းတော်လို့ထင်နေတာလား"

First (season 2)Where stories live. Discover now