မယ်မင်း တနေကုန် မောင်လုပ်ကျွေးတဲ့မုန့်တွေစားလိုက် မောင်နဲ့ ဂိမ်းတွေဆော့လိုက်နဲ့ ရီမောပြီး အိမ်ထဲမှာသာ အချိန်ကုန်လျက် ညနေစောင်းခါနီးတော့ မယ်မင်းကို အရင် ရေမိုးချိုးစေပြီး ရေစိုနေသောမယ့် ခေါင်းကို dryer လေးနဲ့ သေချာလေးမှုတ်ပေးရင်း အနောက်ကနေဆံပင်တွေရော၊ဂုတ်ရောကို ခိုနမ်းနေတဲ့ မောင့်ကြောင့် မယ်မင်းတစ်ယောက် ဂုတ်ကိုထိရင် မနေတတ်သူမို့ ရီမိလေသည်။မဖြစ်နိုင်မှန်းသိပေမယ့် အခုချိန်လေးမှာပဲ အချိန်တွေရပ်တန့်ထားချင်တဲ့အထိ ရူးမိုက်ချင်မိသည်။
"မောင်"
"ဗျ"
ဆံပင်မှုတ်နေရင်း ပြုံးပြုံးလေး လှမ်းထူးလိုက်တဲ့မောင့်ကို အရှေ့က မှန်ထဲက မြင်နေရကာ
"မယ့် ကို အမှန်တိုင်းဖြေနော် မောင် အလုပ်မှာ အဆင်မပြေဘူး မဟုတ်လားဟင် ပြီးတော့ ဟို ဟို မယ့်ကြောင့်လားဟင်"
မယ်မင်းမေးတာကို မဖြေဘဲ ဆံပင်ကိုပဲ သေချာခြောက်အောင်မှုတ်နေတဲ့ မောင့်ကြောင့် စိတ်တိုလာကာ
"အာာာ ဘုန်းမာန် အဲ့တာကြီး ခဏပိတ်ဦး မယ်မေးနေတာမဖြေဘူး လား"
စိတ်တိုပြီး ဘုန်းမာန်လို့ ခေါ်လိုက်တော့ မျက်မှောင်တစ်ချက်တွန့်ကာ စက်ပိတ်လိုက်ပြီး မယ်မင်းကို သူ့ဘက်ဆွဲလှည့်လိုက်ကာ
"ဟုတ်ပြီဗျာ ဖြေမယ် စီးပွါးရေးလုပ်ငန်းဆိုတာ ဒီလိုပဲ အဆင်ပြေတယ် မပြေဘူးမရှိဘူး ကြိုးစားအားထုတ်မှုနဲ့ တီထွင်နိုင်စွမ်းပေါ်မှာပဲ မူတည်တာ ။အဲ့တော့ မောင်ဖြေရှင်းနိုင်တယ်။ပြီးတော့ မယ့်ကြောင့်လည်း မဟုတ်ဘူး။မောင့်ကိုယုံလိုက် အောင်မြင်စေရမယ်။ အခက်ခဲလေးရှိတာတစ်ခုဘဲ"
"ဘာလဲဟင်"
"မောင်ကမောင်တို့ ဟန်းနီးမွန်းကို မယ်အရမ်းသွားချင်တဲ့ Switzerland လည်းသွားမှာ မောင်အရမ်းသွားချင်တဲ့ Moldive လည်း သွားဖို့ အားခဲထားတာ နှစ်နေရာမို့ မောင်တို့ဟန်းနီးမွန်းခရီးက
တစ်နှစ်လောက်ကြာမှာ ဟိုကောင် FA ငထွဋ်ကို မောင့်အလုပ်တွေအပ်ဖို့ ကြိုဖားရဦးမယ်"
![](https://img.wattpad.com/cover/293418117-288-k389793.jpg)
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ