ဝေခွဲမရခြင်းများ

661 36 2
                                    

မယ်မင်းတစ်ယောက် အန်တီကျူပြောထားတဲ့ ကျောင်းသားသစ် အိမ်လိပ်စာအတိုင်းသွားတော့ မယ်မင်းလူချမ်းသာတွေသီးသန့်နေတဲ့ villa ထဲရောက်သွားလေသည်။ မယ်မင်းကျောင်းသားတော်တော်များများက ပြေလည်တဲ့သူတွေပေမယ့် ဒီလောက်တော့ မချမ်းသာကြပေ။
စာသင်ရမဲ့ခြံအရှေ့ရောက်တော့ bell ကိုနှိပ်လိုက်ကာ ခဏအကြာမှာတော့ အနီးက speaker ကနေ အသံထွက်လာလေသည်။
"ဘာကိစ္စရှိလို့ပါလဲရှင့်"
မယ်မင်းလည်း အသံကြားရာကိုကြည့်မှပဲ အပေါ်မှာတပ်ထားတဲ့ CCTV ကိုတွေ့လေသည်။ ငါကဆရာမပဲဆိုပြီး

"ကျွန်မဒီအိမ်က ကလေးကိုစာသင်ဖို့လာတဲ့ ဆရာမပါ"

"ဟုတ်ကဲ့ပါရှင့် ဒီးးးး"

ပြောပြီးချင်းပဲ ခြံတံခါးပွင့်သွားကာ မယ်မင်းလည်း စာအုပ်တွေပိုက်ပြီး ခြံထဲဝင်လာလိုက်တော့ 'OMG အိမ်ကဘယ်မှာလဲဟ'
မယ်မင်းတွေ့လိုက်ရတာက ဘေးနှစ်ဖက်မှာ မြတ်ခင်းတွေနဲ့ လျောက်လမ်းအရှည်ကြီး တစ်ခုဖြစ်ကာ အိမ်မတွေ့ရပေ။
မယ်မင်းစဉ်းစားနေတုန်း ဘေးကို ဝတ်စုံပြည့်ဝတ်ထားတဲ့ လူကြီးတစ်ယောက်က သုံးဘီးလေးနဲ့ ရောက်လာပြီး

"တက်ပါ ဆရာမလေး ကျွန်တော် လိုက်ပို့ပါမယ်"
"ဟုတ်ကဲ့ပါ ကျေးဇူးပါ"

မယ်မင်းစီးပြီးလိုက်လာကာ အိမ်အရှေ့အရောက်မှာရပ်လိုက်ကာ မယ်မင်းလည်း ဆင်းလာတော့ အိမ်ထဲက သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူကြီးတစ်ယောက်ထွက်လာပြီး မယ်မင်းကို အိမ်ထဲခေါ်သွားလေသည်။

ကိုယ်က Civil Engineer တစ်ယောက်မို့ အိမ်ပုံကိုကြည့်ကာ ဆောက်ထားတဲ့သူကို တအားချီးကျူးမိလေသည်။ဧည့်ခန်းထဲရောက်တော့

"ဆရာမလေး ဒီမှာခဏစောင့်ပါနော် အကိုလေးကိုအကြောင်းကြားပေးပါမယ်ရှင့်"

"ဟုတ်ကဲ့ပါရှင့်"

မယ်မင်းလည်း ခုံမှာထိုင်ပြီး အပြင်ကိုလှမ်းကြည့်နေလိုက်သည်။ တစ်အိမ်လုံးမှန်တွေနဲ့အလှဆင်ထားတာမို့ အပြင်ဘက်ကိုအမှတ်တမဲ့ ကြည့်လိုက်တော့ ရေကူးကန်ဘက်မှာ လူငယ်လေးတွေ မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ ရေကူးနေကျလေသည်။ တမင်ကြည့်တာမဟုတ်ပေမယ့် မြင်မိသွားတော့လည်း မနေနိုင်ဘဲ ဆက်ကြည့်နေမိလေသည်။ အခုခေတ်၁၅-၁၆ လူငယ်လေးတွေက မယ်မင်းတို့တုန်းကလို မဟုတ်ဘဲ ယောကျာ်း မိန်းမ အရမ်းရင်းနှီးပြီး ပွင့်လင်းကြပေသည်။ ကောင်မလေးတွေက ငယ်ငယ်ချောချောလေးတွေဖြစ်ကာ ရေကူးဝတ်စုံလေးများနှင့် သီချင်းများဖွင့်ပြီး ကနေကျလေသည်။

First (season 2)Where stories live. Discover now