နောက်နေ့ နိုးလာချိန်မှာ မယ်မင်းတစ်ယောက် အိပ်မှုန်စုံမွားနဲ့ ရေချိုးခန်းဆီ ထသွားဖို့လုပ်တော့ ခါးအောက်ပိုင်းက နာကျင်မှုကြောင့် ကုတင်ပေါ်ကနေအောက်ကို မတ်တပ်ရပ်လိုက်တာနဲ့ နည်းနည်းယိုင်သွားတော့သည်။ထို့နောက် ရေချိုးခန်းထဲဝင် ကိုယ်လက်သန့်စင်ဖို့ မှန်ကိုကြည့်တော့ ညက မောင်တစ်ယောက် ကဲထားတာကြောင့် ရင်ဘက်မှာရော လည်ပင်းမှာရော အနီကွက်များ ကိုက်ရာများနှင့် မြင်မကောင်းပေ။အနားမှာ မောင် မရှိပေမယ့် မျက်နှာတို့ ရှိန်းခနဲ ဖြစ်သွားရသည်။ထို့နောက် သူမအခုချိန်မှာ မောင့်ရဲ့ တရားဝင် မိန်းမဖြစ်သွားပြီဆိုတာ တွေးမိတော့ ကြည်နူးသွားရလေသည်။ 'မောင်ဆိုတဲ့ လူသားလေးက ငါလေးအပိုင်တဲ့ အဟိ'
ထို့နောက် အဝတ်စားလဲမလို့လုပ်တုန်း တံခါးခေါက်သံကြားလို့ ဖွင့်ဖို့မထချင်ပေမယ့် ကိုယ့်ကို မနိုးဘဲထားခဲ့တဲ့ မောင့်ကို ရစ်ချင်နေတာကြောင့် တံခါးသွားဖွင့်ပေးလိုက်သည်။🌸🌸🌸🌸🌸🌸
ဘုန်းမာန်တစ်ယောက် သူမလေးနိုးလာတာနဲ့ တစ်ခုခုစားလို့ရအောင် reception ကိုတောင် လှမ်းမမှာဘဲ Hotel ကို request လုပ်ပြီး ကိုယ်တိုင် Kitchenထဲသူမလေးကြိုက်တဲ့ pancake နဲ့ chocomilk ပူပူလေးကို လုပ်ပြီး မြန်မြန်ပဲ အခန်းဆီ ပြန်ခဲ့လေသည်။ အခန်းဝရောက်တော့ ကိုရှိန်းတစ်ယောက်သူ့အခန်းသူမနေဘဲ ကိုယ့်အခန်းတံခါးကို တဘုန်းဘုန်းလာထုနေတာကြောင့် အံ့ဩသွားကာ
"ဟာ ကိုရှိန်း ဘာလုပ်နေတာလဲ ကျွန်တော့်မိန်းမလေး အထဲမှာ အိပ်နေတယ်"
အပြေးလွှားရောက်လာတဲ့ ဘုန်းမာန်ကို မြင်တော့ ကိုရှိန်းက
"ဪ မင်းက ရောက်လာသေးတယ် အခု မင်းကြောင့် ငါ့မိန်းမက ငါ့ကိုစိတ်ဆိုးပြီး မင်းမိန်းမအခန်းထဲ ဝင်သွားတယ် တံခါးတောင် မဖွင့်ပေးတော့ဘူးကွ"
"ဗျာ"
🌸🌸🌸🌸🌸
အခန်းထဲတွင် မယ်မင်းက ကုတင်ပေါ်မှာ မျက်စိသူငယ် နားသူငယ်လေးနဲ့ ထိုင်နေပြီး သက်ထားက သူ့ရှေ့က ခေါက်တုန့်ခေါက်ပြန် ပတ်လျှောက်နေလေသည်။မယ်မင်းတစ်ယောက် သက်ထား ဘာကိုစိတ်ဆိုးနေမှန်း မသိပေ။မောင် ပြန်လာတယ်ထင်ပြီး မောင့်ကို စိတ်ဆိုးပြချင်လို့ တံခါးသွားဖွင့်ပြီး "နင့်ကြောင့် ငါလေးနာသွားပြီ သိလား"ဆိုပြီး ပြောလိုက်ပြီးမှ အရှေ့ကလူက သက်ထား ဖြစ်နေလေသည်။ထို့နောက်ဝင်လာပြီး "အဲ့ကောင် နင့်ကိုဘာလုပ်လိုက်လဲ ငါ့ကိုပြောစမ်းပါ ငါအဲ့ကောင်နဲ့ ရှင်းမယ်" ဆိုပြီး လက်သီးလက်မောင်းတန်းနေလေသည်။ကိုရှိန်းက "သက်ထားရယ် သူများလင်မယား ဟန်းနီးမွန်းအခန်းထဲဝင်ပြီး ဘာတွေပြောနေတာလည်း လာသွားမယ်" ဆိုကာဆွဲတော့ ရှင်လည်း သူနဲ့ အလိုတူအလိုပါပဲ သွား ဆိုကာအခန်းပြင်မောင်းထုတ်လေသည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ