"ဘယ်သူလဲ ကိုရှိန်း"
"ဟင်းးးမယ်မင်းပါလို့ ကိုယ်ကနောက်ချင်ပေမယ့် ကိုယ်တို့တွေ ဘယ်လောက်ပဲ လိုက်ခဲ့လိုက်ခဲ့ မယ်မင်းက မင်းကလွဲပြီး ဘယ်သူမှမချစ်ဘူးဆိုတာ တလောကလုံးသိနေတော့ မနောက်တော့ပါဘူး ဘုန်းမာန် ။ကိုယ့်သတိုးသမီးက သက်ထား ပါ"
"မယ်မင်းက ကျွန်တော့်ကိုချစ်တယ်တဲ့လား ဟင်းးးထင်လို့ပါကိုရှိန်း။သူ့သာကျွန်တော့်ကို တကယ်ချစ်ရင် ဒီလိုထားသွားမှာ မဟုတ်ဘူး။ကျွန်တော်မရှိတဲ့နေရာမှာ သူနေချင်နေတာ ကျွန်တော်ဘာလုပ်နိုင်မလဲ"
"အဲ့တော့ မင်းက လိုက်မရှာတော့ဘူးပေါ့။မင်းက အရှုံးသမားပဲကွ ။အချစ်ဆိုတာ အနားမှာရှိတဲ့အချိန် ချစ်ပြီး အနားမှာမရှိရင် အချစ်ကို ရပ်တန့်ထားလို့ရတယ်လို့မင်းကထင်နေပေမယ့် မယ်မင်းကတော့ မင်းအတွက် အရာရာတွေးပေးခဲ့တာတွေ သူအနစ်နာခံခဲ့တာတွေကို မင်းကိုမပြောပြတော့ပါဘူး ။အစထဲကလည်းပြောပြချင်စိတ်မရှိပါဘူး။အားလုံးကိုကျော်ပြီး မင်းကအရာရာမှာ ကိုယ်တို့ကိုနိုင်ခဲ့ပေမယ့် မင်းက မယ်မင်းနဲ့ မတန်ဘူးလို့ ကိုယ်သိပြီ Good luck ဘုန်းမာန်"
ကိုရှိန်းစကား အဆုံးမှာ ဘုန်းမာန်တစ်ယောက် ခေါင်းတွေထူပူသွားရလေသည်။ 'ကိုရှိန်းက မယ်မင်းအကြောင်း သိနေတာ ရှိနေတာလား'
"ခဏ ခဏလေးပါ ကိုရှိန်း ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော် မယ့်ကို အဆုံးရှုံးမခံနိုင်ဘူး။ကျွန်တော့်ကို ကိုရှိန်းကြိုက်သလိုလုပ်ပါ ကျေးဇူးပြုပြီး ပြောပြပေးပါဗျာ"
ကိုရှိန်းတစ်ယောက်ဒေါသတွေ ထွက်နေပေမယ့် သက်ပြင်းတစ်ချက် ချလိုက်ကာ
"ကောင်းပြီ နားထောင်"
ကိုရှိန်းစကားဆုံးတော့ ဘုန်းမာန်တစ်ချက် သက်ပြင်းချလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ကာ
"ကောင်းပါပြီ ကိုရှိန်း ကျွန်တော်လာခဲ့ပါမယ်"
ဘုန်းမာန်တစ်ယောက်ဖုန်းချပြီး သောက်လတ်စ ဝိုင်ခွက်ကို အကုန်မော့လိုက်ကာ ထိုင်ခုံမှာမှီပြီး ကောင်းကင်ကြီးကိုကြည့်ပြီး တစ်ချက်ရီလိုက်မိတယ်။ 'ပြေးထားဦး မယ် မိလို့ကတော့ မင်း မောင့်ဆီကနေ ဘယ်ကိုမှထပ်ထွက်ပြေးနိုင်မယ် မထင်နဲ့'
YOU ARE READING
First (season 2)
Romantizmဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ