Give me back

496 28 0
                                    

မ ကိုပြောပြီး အိမ်နောက်ကနေ ပြေးထွက်လာကာ မအိမ်မျက်စောင်းထိုးနားမှာ ရပ်ထားတဲ့ ဆိုက်ကယ်နားသွားရင်း ဖုန်းလေးထုတ်ကာ လှမ်းဆက်လိုက်လေသည်။ ဒီချိန်ဆို ဟိုမှာ မနက်ပိုင်းမို့

"Good morning Dad , by the way ဒယ်ဒီ I got it! , ကတိအတိုင်းနော် ဒယ်ဒီ"

"Awesome, အိုကေ မနက်ဖြန်ကိုယ် မင်းဆီအရောက်ပို့ပေးလိုက်မယ် my son"

"Arrr Love it ,Thanks a lot dad"

ထင်လင်းမာန် တစ်ယောက် ဒယ်ဒီကို ဖုန်းဆက်ပြီး ကိုယ်လိုချင်တဲ့ အရာရော ဖြစ်ချင်တဲ့ဆန္ဒပါ တစ်ပြိုင်နက်ရလာတာမို့ နှုတ်ခမ်းတို့ကွေးတက်မတက်ပြုံးကာ ဆိုက်ကယ် စက်နှိုးလိုက်ပြီး ကလပ်ကို ထွက်လာခဲ့လေသည်။

ထင်လင်းမာန်ဆိုတာ သူ့တွက်သားအရင်းမဟုတ်ပေမယ့် သားတစ်ယောက်လိုပဲမှတ်ယူထားခဲ့တာမို့ သူလိုချင်တာလေးရသွားလို့ အူမြူးနေတာကိုကြားပြီး ပြုံးနေမိသည်။ ထို့နောက် ဦးအဂ္ဂမာန်တစ်ယောက် Gallery ထဲက ရီမောနေတဲ့ မိန်းကလေးရဲ့ ပုံကိုကြည့်ပြီး စကားတစ်ခွန်းပြောလိုက်လေသည်။

"ပျော်နေဦး ငယ် ကိုယ်လာရင်တော့ မင်းအပြုံးတွေ၊မျက်ရည်တွေ အားလုံးက ကိုယ့်အတွက်ပဲဖြစ်ရတော့မှာမို့"

မယ်မင်းတစ်ယောက် နောက်ဖေးပေါက်ကိုသေချာပိတ်ပြီးမှ အိမ်ရှေ့ကိုပြေးထွက်လိုက်ကာ တံခါးဖွင့်လိုက်ရသည်။ ဘုန်းမာန်တစ်ယောက်ဝင်ဝင်ချင်း မယ်မင်းကို ဆွဲဖတ်လိုက်ကာ

"မယ် ဘာဖြစ်လို့လဲဟင် မောင်စိတ်ပူလို့နေမရတော့လို့ လိုက်လာတာ"

မယ်မင်းတစ်ယောက်ဟိုချာတိတ်ကြောင့် ကရောင်ချောက်ခြားဖြစ်နေကာ

"ဘာ ဘာမှမဖြစ်ပါဘူး ဘုန်းမာန်ရဲ့ စိတ်မပူနဲ့
နင်အလုပ်တွေရှိတယ်မှတ်လား ဘာလို့ငါ့ဆီလာတာလည်း"

"မလာစရာလားကွ မောင့်မိန်းကလေးက ငိုနေတာကို မောင်က ဘယ်လိုအလုပ်ဆက်လုပ်နိုင်မလဲ"

ပြောပြီး မယ်မင်းကို ရင်ခွင်ထဲထည့်ထားကာ တင်းကျပ်နေအောင် ဖတ်ထားလေသည်။ နှစ်ယောက်သားထိုင်ခုံပေါ်ထိုင်ကျကာ မယ်မင်းက

First (season 2)Where stories live. Discover now