မယ်မင်းကို မပြောမဆိုနဲ့ ဆွဲထူနေတဲ့ ကောင်လေးကို ဂျိုကြည့် ကြည့်ကာ ထလိုက်ရင်း
"ဖယ် မလိုဘူး ရပြီ ငါ့ဘာသာ သွားမယ်"
"ဟာ မ ကလည်း လျှောက်နိုင်လို့လား လာပါ ဆေးခန်းလိုက်ပို့ပေးမယ် ဟိုနားမှာ ကျွန်တော်စက်ဘီးရပ်ထားတယ်"
မယ်မင်းကလည်း မနေတတ်လို့ရုန်းလိုက်တော့ ခြေထောက်မျက်သွားကာ ယိုင်သွားပြီး သူကလည်း လဲမှာစိုးလို့ ဆွဲထားနဲ့ဆိုတော့ နှစ်ယောက်သား ဖက်ထားသလိုဖြစ်နေလေသည်။ အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကိုရှိန်းကားအနားရောက်လာလေသည်။ မယ်မင်းတို့နားကို ကားဆွဲကွေ့လိုက်ပြီး ဝုန်းခနဲဆင်းလာကာ
"မယ် ဘာဖြစ်လို့လဲ ဟေ့ရောင် မင်းအခုလွတ်စမ်း"
လျှက်တပြတ်အတွင်းပဲ မယ်မင်းကိုလှမ်းဆွဲပြီး ကောင်လေးကိုတွန်းလိုက်ကာ ကိုရှိန်းတစ်ယောက်ထိုးဖို့ပြင်နေတာကြောင့် ကောင်လေးခမျာ ရုတ်တရက်မို့ လဲကျသွားလေသည်။
မယ်မင်းမှာ ကိုရှိန်းကိုဆွဲထားကာချက်ချင်းဘဲ
"ကိုရှိန်း မယ်မင်းကဝင်တိုက်မိပြီးလဲလို့ သူကထူပေးတာ"
မယ်မင်းပြောပြီး ကောင်လေးဘက်လှည့်ကာ
"ရတယ် မသွားဘူးဆေးခန်း ငါဘာမှမဖြစ်ဘူး မင်းဘာသာသွားတော့"
မယ်မင်းလည်းပြောလိုက်တော့ ကောင်လေးက မယ်မင်းကိုလှမ်းကြည့်ကာမြေကြီးပေါ်လဲနေတာကို မထသေးဘဲ ထိုင်လိုက်ပြီး ဟားးခနဲ ရီလေသည်။ ပြီးမှထလာပြီး
"မ ဘာမှမဖြစ်ရင် ရပြီ ကျန်တာတော့ မကိုနာအောင်လုပ်မိလို့ ရလာတဲ့ဒဏ်အနေနဲ့ ကျွန်တော်ခံလိုက်မယ် ဟင်းးး"
"ဟျောင့် မင်းဘာစကားပြောတာလဲ မင်းလာခဲ့စမ်းပါ"
ကောင်လေးက ပြောပြီးထွက်သားကာ ကိုရှိန်းတစ်ယောက် ပြောသွားသော စကားကြောင့် ဒေါသတကြီးကျန်ခဲ့လေသည်။
"ကိုရှိန်း ရပြီလို့ ဟိုက ကလေးပဲ ရှိသေးတာကို။ ပြီးတော့ မယ်မင်းကမမြင်ဘဲဝင်တိုက်တာ"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ