အစပြုခြင်း

1.2K 54 20
                                    

မယ်မင်းတစ်ယောက် uni စတက်ထဲက ဆယ်တန်းGuide သင်လာတာမို့ အခုဆို စာသင်သက် ၁၀နှစ်လောက်ရှိပြီး အတော်အသင့် နာမည်ရနေပြီ။ မိဘနှစ်ပါးလုံးမရှိတော့ပေမယ့် မကြီးနဲ့ ကိုကြီးကြောင့် အခြေပျက်မသွားခဲ့ပေ ။
သူတို့ကအိမ်ထောင်ကိုယ်စီနဲ့ သပ်သပ်ဆီခွဲနေကြပြီမို့ မယ်မင်း တစ်ယောက်ထဲ နေဖြစ်ကာ တစ်ခါတစ်ရံ သက်ထားက အိမ်မှာလာပြီး အဖော်လုပ်ပေးတက်တယ်။

အသက်ကလေးရလာတာနဲ့ အမျှ အချစ်ဆိုတာ ဘာလည်းမစဉ်းစားတော့ဘဲ နောက်တစ်ရက်မှာ စာဘယ်လိုသင်ရမလဲသာ တွေးနေလို့ မယ်မင်းကို သက်ထားက အဘွားကြီးလို့ ခေါ်လေသည်😊

ဒီတစ်ပါတ် ရှားရှားပါးပါး သီတင်းကျွတ်ပိတ်ရက်လေးမို့ သက်ထားကအိမ်လာနေပေးကာ နှစ်ယောက်သား ချက်ပြုတ်စားသောက်ပြီး အိမ်မှာပဲ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။

"မယ်မင်း ငါတို့ဘာချက်စားမလဲ"

"နင်ဘာချက်တတ်လဲ ပြော သက်ထားမ"

"ဘာမှမချက်တတ်ဘူးလေ😂"

"အဲ့တာကိုများ အရေးကြီးခွင်ကျယ်လုပ်လို့"

"သူငယ်ချင်းလေးကလည်း နင်ချက်ပေါ့ဟယ် နင်လက်ရာ မာလာရှမ်းကောလေးစားချင်တယ် နော် မယ်မင်း နော်"

ခွေးပေါက်လေးအစာတောင်းသလိုပြောနေတဲ့ သူငယ်ချင်းမလေးကြောင့် မာလာရှမ်းကောချက်ဖို့ ဆုံးဖြတ်လိုက်ကာ နှစ်ကောင်သားစျေးသွားကျလေသည်။

အခုနောက်ပိုင်း သက်ထားမှ လွဲပြီး ကျန်သူများနှင့် အဆက်သွယ် သိပ်မလုပ်တာကြောင့် မယ်မင်းတစ်ယောက် စိတ်သိပ်မရှုပ်ရတော့ပေ။

နှစ်ယောက်သား စျေးဝယ်ပြီး အပြန် လမ်းမှာ မထင်မှတ်ဘဲ သူ့ကိုကားပေါ်မှာလှမ်းတွေ့လိုက်တာကြောင့် မျက်နှာလွှဲ လိုက်မိတယ်။ မီးပွိုင့်မိလို့ စောင့်နေတဲ့သူက ဘေးက မိန်းကလေးတစ်ယောက်နဲ့ စကားတွေပြောပြီး ရီမောလို့နေတယ်။
ကိုယ့်ကိုမြင်ပြီး သူစိတ်ညစ်သွားမှာ မလိုချင်တာကြောင့် ခပ်သွက်သွက်ပဲ လမ်းဆက်လျှောက်လာမိတယ်။

ဘုန်းမာန်တစ်ယောက် မီးပွိုင့်မိနေတုန်း ဘေးပလက်ဖောင်းက သူမလေးကို မြင်မိလိုက်ပေမယ့် မသိချင်ယောင်ဆောင်ကာ ဘေးက ကာစတန်မာနဲ့ စကားဆက်ပြောနေလိုက်တယ်။ အခုတလော အလုပ်များလွန်းလို့ သူမလေးကို မမြင်တာကြာလို့လားမသိ သူမလေးပိန်လို့သွားသလိုပင်။

First (season 2)Where stories live. Discover now