She is mine

511 20 4
                                    

ဘုန်းမာန်တစ်ယောက် Hotel restaurant မှာ ထိုင်စောင့်နေတုန်း မယ်မင်းဆီ စာလှမ်းပို့လိုက်လေသည်။ " မယ် မောင် ညနေ ၅:၀၀ လာခေါ်မယ်နော် မယ့်ကိုအရေးကြီးကိစ္စလေး ပြောချင်လို့" စာပို့ပြီး ဖုန်းသိမ်းဖို့လုပ်တုန်း ရဲထွဋ်က ဖုန်းလှမ်းဆက်လေသည်။
"Hello ငထွဋ် ပြော"

"အေး ဘုန်းမာန် ငါဒီမှာ Mr Smith အကြောင်းစုံစမ်းရသလောက် သူက ငါတို့ထက် လေးငါးနှစ်ပဲကြီးတာကွ ပြီးတော့ အိမ်ထောင်သည် သားတစ်ယောက်ရှိပြီး မိန်းမက ဒီကော်ပိုရေးရှင်းရဲ့တည်ထောင်သူရဲ့ သမီးကွ သူ့ထက် အသက်ဆယ်နှစ်ကျော်ကြီးတယ် အမေရိကန်နိုင်ငံသားပဲ လွန်ခဲ့တဲ့ ရှစ်နှစ်ကဆုံးသွားတယ်ကွ အရင်က အဲ့လောက်မတိုးတက်ဘူး သူ့လက်ထက်မှ အရမ်းအောင်မြင်လာတာ ငါစုံစမ်းရသလောက် သူဘာလို့ ဒီproject ကိုယူလဲမသိဘူး
သူကဆောက်လုပ်ရေးပိုင်းလည်း ချဲ့ဖို့မရှိဘူးပြောနေကျတယ် အခုတော်တော်များများ သူ့ဆီက အဲ့project ကို လေလံပြန်ဆွဲဖို့ကြိုးစားနေတယ်။ ကိုရှိန်းသူကျော်တို့ကုမ္ပဏီလည်းပါတယ်။ မင်းကြိုးစားကြည့်ပါကွာ မင်းလိုသူနဲ့တွေ့ချင်နေတာ ဒီမှာ ဒုနဲ့ဒေးပဲ"

"အေးပါ ငထွဋ် ငါကြိုးစားကြည့်လိုက်မယ် ဒါပဲကွာ"

အဲ့အချိန်မှာပဲ အသားဖြူဖြူ အရပ်မြင့်မြင့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဝင်လာလေသည်။

"ဆောရီးပါ ကိုပြည့်ဘုန်းမာန် ကျွန်တော် အနည်းငယ်နောက်ကျသွားတယ်"

"ရပါတယ် Mr Smith ကျွန်တော်ရောက်တာမကြာသေးပါဘူး။ကျွန်တော်ကလည်း တွေ့ချင်နေတာဖြစ်တဲ့တွက် အဆင်ပြေပါတယ်"

"ဟုတ်ကဲ့ပါ ကျွန်တော် ကိုပြည့်ဘုန်းမာန်ဆီက အကြံဥာဏ်လေးတစ်ခု တောင်းစရာရှိတယ် နားထောင်ပေးနိုင်မလားမသိဘူး။ နားထောင်ပေးနိုင်မယ်ဆိုရင် အဲ့အတွက်လည်း ကိုပြည့်ဘုန်းမာန်ပြောမှာကို ကျွန်တော်ပြန်နားထောင်ပေးပါမယ် အဆင်ပြေမလား"

ဘုန်းမာန်တစ်ယောက်မျက်ခုံးပင့်သွားမိလေသည်။ သူ့ဘာမှမပြောရသေးခင် ကြိုသိနေသလို ပြောချသွားသော Mr Smith ကို အံ့ဩနေမိလေသည်။

"ဟုတ်ကဲ့ ကောင်းပါပြီ ပြောပါ Mr Smith"

"အင်းးး ကျွန်တော်ပြောမဲ့ ဇာတ်ကြောင်းလေးကိုနားထောင်ပေးပါ ။ တစ်ခါက ကောင်လေးတစ်ယောက်ရှိတယ်။သူကအရမ်းဆင်းရဲတော့ လူတိုင်းသူ့ကိုအပေါင်းသင်းမလုပ်ဘူး။ မိဘတွေကလည်း ခိုင်းစားဖို့ဆိုရုံမှတစ်ပါး သူ့ကိုမတွေးဘူး။ တစ်နေ့မှာ ထမင်းတစ်နပ်တောင်မမှန်ဘူး။ သူ့ဘဝထဲကို ကောင်းမလေးတစ်ယောက်ဝင်လာတယ်။သူ့တွက်တွေးပေးသူ ။သူ့အခက်ခဲကိုအမြဲကိုယ်စားရှင်းပေးနေချင်သူ။ အဲ့တော့ကောင်လေးကသူ့ထက်ငယ်တဲ့ ကလေးမလေးဆီက အကူညီတွေ ခဏခဏယူရတယ်။ ကောင်မလေးက စိတ်ထားကောင်းတော့ ကောင်လေးလိုချင်တာတွေ အမြဲကူညီပေးတယ်။အဲ့လိုနဲ့ ကြာလာတော့ ကောင်လေးတွက် ကောင်မလေးက မရှိမဖြစ် ဖြစ်လာတယ်။ဒါပေမယ့် ကောင်မလေးကလည်း ကောင်လေးနဲ့ဆိုအမြဲပျော်ရွှင်နေတယ်။ ကြာလာတဲ့ အချိန်မှာ ကောင်လေးက ကောင်မလေးကိုသူ့အနားအမြဲထားချင်လာပေမယ့် သူကဆင်းရဲလွန်းလို့ သေချင်လည်းသေပါစေလို့ဆုံးဖြတ်ပြီး သူကြိုးစားဖို့ ထွက်သွားခဲ့တယ်။ ကောင်မလေးအနားမှာ မရှိပေမယ့် ကောင်မလေးအကြောင်းအမြဲနားစွင့်ပြီး အခက်ခဲမျိုးစုံကို ရင်ဆိုင်လာခဲ့တယ်။ဒါပေမယ့် သူပြီးပြည့်စုံပြီး ကောင်မလေးအနားပြန်လာဖို့ လုပ်တဲ့အချိန်မှာ ကောင်မလေးအနားမှာ သူမဟုတ်တဲ့ တခြားလူတစ်ယောက်ရှိနေတယ်။ ဒါပေမယ့် အဲ့လူက ကောင်မလေးကို အမြဲစိတ်ဆင်းရဲအောင်လုပ်ပြီး ဝမ်းနည်းစေတဲ့ ကောင်မလေးကို တကယ်မချစ်တဲ့ ကောင်မလေးအနားမှာ မနေသင့်ဆုံးလူဖြစ်နေတယ်။ အင်းးး ကောင်လေးက ကောင်မလေးကို ပျော်အောင်ထားနိုင်မယ်လို့ယုံကြည်တယ်။ကောင်မလေးတွက်လည်းအရာအားလုံးစွန့်လွတ်နိုင်တယ်။ အင်းးး အဲ့တော့ ကိုပြည့်ဘုန်းမာန်သာဆို ဘာလုပ်မလဲ"

First (season 2)Where stories live. Discover now