မယ်မင်းတို့ နှစ်ယောက် အလွမ်းသယ်ရင်း တော်တော်မိုးချုပ်မှ အတင်းပြန်နှင်လွှတ်လို့ ဘုန်းမာန်တစ်ယောက် မပြန်ချင် ပြန်ချင်နဲ့ပြန်သွားလေသည်။
မယ်မင်းလည်း သူ့ကိုနှုတ်ဆက်ပြီး အိမ်ထဲ ဝင်လာတဲ့အထိ ရင်ခုန်သံတွေရော မျက်နှာက အပြုံးတွေရော မရပ်တန့်နိုင်သေးပေ။ မယ် ကိုယ်လက်သန့်စင် အဝတ်စားလဲပြီး မကြာခင်ဘဲ ဖုန်းဝင်လာလေသည်။ ဖွင့်ကြည့်လိုက်တော့ ဘုန်းမာန်ဖြစ်နေတော့ ပျော်သွားကာ ချက်ချင်းကိုင်ဖို့လုပ်လိုက်ပေမယ့် လွယ်လွန်းတယ်အထင်ခံရမည်ဆိုးကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"ဟယ်လို ဘယ်သူလဲ"
"ဟင်းးးကောင်မလေးတစ်ယောက် သိရဲ့သားနဲ့မေးတယ်ကွာ"
"မသိပါဘူး နင့်ဖုန်းနံပါတ်မှတ်တောင်မထားဘူး ငါလေးက"
ပြောပြီးမှ သူမှန်းကိုသိနေတာ ပေါ်သွားတော့ မယ်မင်းတစ်ယောက်ရှက်သွားလေသည်"
"ဟားးးး ချစ်ဖို့ကောင်းလိုက်တာကွာ ဘယ်သူ့ကောင်မလေးလည်း မသိပါဘူး"
"နင်စောနကမှ အိမ်ပြန်သွားတာလေ ဘာပြောဦးမို့လဲပြော"
"ဟာကွာ မယ် ကလည်း သတိရလို့ပေါ့ မယ့်ကို"
"ဘုန်းမာန် နင်ဟာလေ သိပ်ပိုတာပဲ ဘာမှမကြာသေးဘဲ သတိရတယ်ဆိုတာ မဖြစ်နိုင်ဘူး"
"ဟာ မယ် မောင် တကယ်အရမ်းလွမ်းနေတာနော် အခုလာရမလား မယ့်ဆီကို။ ပြီးတော့ အခုမောင်က တရားဝင်ချစ်သူနော် အဲ့တာကို မယ်က ဒီလိုပဲဆက်ခေါ်နေဦးမှာလား"
ဘုန်းမာန်ကပြောနေပေမယ့် မယ်မင်းတစ်ယောက်ရှက်ပြီး ငြိမ်နေမိနေသည်။ သူ့ကို သူ မောင် လို့သုံးလိုက်တော့ မယ်မင်းအတွက် ဒီလူသားကို ကိုယ်ပိုင်သွားပြီဆိုတဲ့ စိတ်လေးက အိမ်မက်တစ်ခုလိုပဲ အရမ်းသဘောကျနေရလေသည်။
"မယ် မယ်လို့ မောင်ပြောတာကြားလား"
မယ်မင်းတစ်ယောက် ဘုန်းမာန်က သူ့ကို မောင်လို့ခေါ်စေချင်နေတာသိပေမယ့် ခေါ်ဖို့ကျတော့ လျှာယားနေလေသည်။
"ဘယ်က မောင် လဲ မသိဘူး"
"ဟာ မယ် ရက်စက်တယ်ကွာ မသနားဘူးလား မောင့်ကို"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ