မယ်မင်းတစ်ယောက် အခုရက်ပိုင်း စိတ်နဲ့လူနဲ့ မကပ်ပေ။ ဘာကြောင့်မှန်းမသိ ဘုန်းမာန်တစ်ယောက် အရင်လိုမဟုတ်ဘဲမျက်နှာပြောင်တိုက်ကာ ညတိုင်းဆယ်နာရီလောက်ဆို ဖုန်းဆက်ပြီး တောင်စဉ်ရေမရစကားတွေလျှောက်ပြောနေတော့သည်။
တစ်ခေါက်လေး မသိချင်ယောင်ဆောင်ပြီး မကိုင်ဘဲ နေလိုက်မိတာ ဖုန်းအခါ သုံးဆယ်ကျော်ခေါ်ပြီး နာရီဝက်အကြာမှာ မယ်မင်းတို့ရပ်ကွက်လူကြီးများအိမ်ရောက်လာကာ တစ်ယောက်ထဲနေတာမို့ မယ်မင်းတစ်ခုခုဖြစ်သလားအကြောင်းကြားလို့ လာကြည့်တယ်ပြောလို့ မယ်မင်းမှာ မျက်နှာပူပူနဲ့ တောင်းပန်ပြီး ပြောရလေသည်။ နောက်ကို ဖုန်းမကိုင်ဘဲ မနေရဲတော့သည်အထိ တကယ်ကိုလုပ်ချင်ရာ လုပ်တဲ့နေရာမှာ ဘုန်းမာန်သည် No Two ပါပဲ🙃
(✍️✍️crush ph မကိုင်ရင် ဘုန်းမာန်လို လုပ်နော်😁)"ဒီးးးး ဒီးးးးး"
မယ် : "ပြော ဘာလဲ"
ဘုန်း : "မင်း ထမင်းစားပြီး ပြီလား မယ်မင်း ချက်ရောစားရဲ့လားလမ်းဘေးအစားစာတွေက မကောင်းတဲ့အဆီတွေနဲ့မို့ နေ့တိုင်းစားတာမကောင်းဘူးနော် ကျန်းမာရေးလည်း မကောင်းဘူး ။ လူလည်းဝတုတ်လာတာပဲ ပေါက်ကရတွေစားပြီး ၊ ဝိတ်လေးဘာလေး လျော့ဖို့မတွေးဘူးလား အခုခေါတ်က မိန်းကလေးတိုင်း ကျန်းမာရေးနဲ့ အညီ သွယ်လျ လှပနေအောင် နေတဲ့ ခေတ်"
သူပြောနေသလိုပဲ တကယ်လည်း မယ်မင်းမှာ လမ်းထိပ်ကဝယ်လာတဲ့ ဝက်ခေါင်းသုပ်နဲ့ ထမင်းဖြူကို စားနေတာကြောင့် လည်ပင်းမှာ နင်ချင်သလို ဖြစ်သွားရလေသည်။
မယ် : "ဘာဖြစ်လဲဟာ ငါ့ဘာသာ ဝ ဝ ပိန်ပိန် နင်နဲ့လားလားမှဆိုင်မနေဘူးလေ"
ဘုန်း : "ဪ မင်းကလည်း ကိုယ်နဲ့သိတဲ့လူတစ်ယောက်ဝတုတ် နေတာ မြင်ရတာ မကောင်းဘူးလေ သိတယ်မှတ်လား"
မယ် : "မသိဘူး"
ဘုန်း "ဟမ်"
ကိုယ့်ဘာသာဝ တာတောင် သူလုပ်မှ ကိုယ့်ကို ကိုယ် မထိန်းသိမ်း အစားသရမ်းနေသလိုလို။ နဂိုထဲကမှသူပြောလိုက်မှ ကိုယ့်ဘာကိုယ်ယုံကြည်ချက်မရှိရတဲ့အထဲ သူအဲ့လိုမြင်နေတာသိပြီး စိတ်လေသွားလေသည်။ စိတ်ထဲမှာလည်း
'အေး မယ်မင်းရေ နင့်ရုပ်ရည်က Crush ဆီမှာ အမှတ်ပြည့်ပဲအေ'😂😂
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ