Play Boy

455 19 8
                                    

အိမ်ထောင်စကျပြီးထဲက မယ်မင်းက မယ်မင်းအိမ်လေးကိုဘယ်လောက်တွယ်တာမှန်းသိသော သူက ဟန်နီးမွန်းထွက်နေချိန်မှာ ကိုရဲထွဋ်ကို မယ်မင်းအိမ်ပြန်ပြင်ထားစေကာ မင်္ဂလာဦး အိမ်လုပ်ပေးခဲ့လေသည်။ အခုဆို မယ်မင်းတို့ အိမ်ထောင်သက် တစ်နှစ်ပြည့်ဖို့ သိပ်မလိုတော့ဘူး ဖြစ်လေသည်။ဒါပေမယ့် မောင်က အခုရက်ပိုင်း နေ့မအားညမနား အလုပ်များနေလေတော့ မယ်မင်းကအလိုက်သိစွာ ကြည်နူးစရာကိစ္စလေးတောင်မပြောဖြစ်ပေ။ဘာကြောင့်မှန်းမသိ စိတ်ထဲ တစ်မျိုးဖြစ်နေလေသည်။

ညနေစောင်းနေသော်လည်း မောင် ပြန်မလာသေးတာကြောင့် မယ်မင်းတစ်ယောက် ဖုန်းမျှော်နေမိသည်။မျှော်နေတဲ့ ဖုန်းကမလာဘဲ မထင်မှတ်ထားသော သက်ထားက ရောက်ချလာလေသည်။မယ်မင်းကိုတွေ့တော့ ဟီးးးခနဲ ငိုချလိုက်ကာ ပြေးဖက်လေသည်။

"မယ်မင်းးးးး ဟီးးးး😭😭😭"

"ဟဲ့ ဘာဖြစ်တာလဲ"

"ဟီးးးးးးး😭😭😭 အဟင့် အဟင့် အဟင့်"

မယ်မင်းကမေးနေတာကို မဖြေဘဲ ငိုနေသော သူငယ်ချင်းမ ကြောင့် စိတ်ပူနေတဲ့ကြားက စိတ်တိုလာကာ

"ဟဲ့ တိတ်အခု"

မယ်မင်းအော်သံကြောင့် ငိုနေရာက လန့်ပြီး တိခနဲတိတ်သွားလေသည်။

"ပြော ဘာဖြစ်လာတာလဲ"

အဲ့ကျတော့မှ သက်ထားမှာ ဖြစ်ပျက်အစဆုံးကို non stop ပြောလေတော့သည်။မယ်မင်းမှာ ငြိမ်နားထောင်ပြီး အဆုံးမှာတော့

"အင်း နင်ပြောချင်တာ အခုရက်ပိုင်း ကိုရှိန်းက မူပျက်နေတယ်ပေါ့ အဲ့လိုလား"

"အင်းးးး ဟုတ်တယ် ဟီးးးး😭😭 ငါ့ကိုရာထူးပေးတော့မှာလား မသိဘူး ငါ မယားကြီး မဖြစ်ချင်ဘူးနော် ဟီးးးး😭😭"

"အာာ ပေါက်ကရ ကိုရှိန်းက အဲ့လိုလူမှ မဟုတ်တာ"

"ငါ ငါလည်း မသိတော့ဘူး ဒီနေ့လည်း အလုပ်မသွားခင် anniversary ရောက်တော့မယ်နော် လို့ပြောတာကို ဘာမှပြန်မပြောဘဲနဲ့ အလုပ်နောက်ကျနေပြီ ဆိုပြီး စကားလမ်းကြောင်းလွှဲပြီး ထွက်သွားတယ် ဟီးးးး😭"

First (season 2)Where stories live. Discover now