ကိုယ့်အခန်းထဲပဲခေါ်လာကာ သူမလေးကို ကုတင်ပေါ်တင်ပေးပြီး ဖိနပ်တွေ ချွတ်ပေးလိုက်သည်။အမူးသမားလေးက ပထမတစ်ခါလိုပဲ မူးနေရင်း ဘာမှမသိတော့တာမို့ ပထမတစ်ခါကလိုပဲ အန္တရာယ်ရှိတဲ့ ကောင်တွေ အနားကပ်လာလည်း မသိပေ။ပထမတစ်ခါထဲက သူနဲ့ကလွဲပြီး မသောက်ဖို့မှာထားပေမယ့် စကားနားမထောင်ဘဲ သူအနားမှာမရှိချိန် သောက်တာမို့ သူမလေးကို ဒေါသထွက်နေမိပြန်သည်။ 'မင်းကိုတော့ တုတ်နဲ့ရိုက်မှရတော့မဲ့ပုံပဲ မယ်'
မတွေ့ရတဲ့အတောအတွင်းသူမလေးတော်တော်
ပိန်သွားလေသည်။နေ့လည် သတိုးသမီးအခန်းထဲမှာ အိပ်ပျော်နေတဲ့ သူမလေးကို တွေ့ထဲက ကိုယ့်ကိုထားခဲ့လို့ စိတ်ဆိုးနေပေမယ့် တကယ်တန်းမြင်ရတော့ အရူးမူးသတိရနေတဲ့စိတ်ကြောင့် သူမလေးဆီပြေးသွားမိကာ အိပ်ပျော်နေတဲ့ကလေးကို အနမ်းသခိုးလေးလုပ်မိတော့သည်။အခုလည်း သူမလေး ဖိနပ်တွေကို ချွတ်ပေးပြီး ကုတင်ပေါ်မှာခြေပစ်လက်ပစ်အိပ်နေတဲ့ သူမလေးကို စောင်သေချာ ခြုံပေးကာ မျက်နှာလေးကို ခဏလောက်ကြည့်နေမိသည်။ 'လွမ်းလွန်းလို့ ရူးမတက်ပါဘဲ မယ်' ။ဘယ်လောက်ပဲ လွမ်းလွန်းလို့ ရူးမတက်ဖြစ်ပါစေ စိတ်ထဲနာကျင်မှုကလည်း မပျောက်သွားသေးတာမို့ နှာဖူးလေးကိုနမ်းလိုက်ပြီး သူမဘေးက ထဖို့လုပ်တော့ အိပ်နေတဲ့ အမူးသမားလေးက ရုတ်တရက် လက်ကိုလှမ်းဆွဲပြီး ထထိုင်ကာ အသံတိုးတိုးလေးနဲ့"မောင်"
မယ်မင်းရဲ့ မောင်လို့ ခေါ်သံကြောင့် ဘုန်းမာန် အသက်ရှုခဏ ရပ်တန့်သွားကာ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။ပြီးမှသတိပြန်ဝင်လာကာ
"ဘာပြောမလို့လဲ မယ်မင်း"
ဘုန်းမာန်စကား အဆုံးမှာ သူမလေးက မျက်နှာတစ်ချက်ငြိုးသွားကာ ခေါင်းငုံ့ပြီး ငိုလေတော့သည်။
"ငါ ငါလေးကို မောင်က မယ် လို့တောင် မခေါ်တော့ဘူးလားဟင်"
"ဘာလို့ခေါ်ရမှာလည်း"
"အဟင့် ဟင့် ငါလေးကို မောင်က မချစ်တော့ဘူးလား။ မောင်က ငါလေးကို မုန်းနေတာလားဟင် ။ငါလေးက မချောပေမယ့် ငါလေးကို ချစ်ပေးလို့မရဘူးလားဟင် ဟီးးး😭"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ