မယ်မင်းတစ်ယောက် ဘယ်လောက်ပြောပြော မျက်နှာပြောင်တိုက်ကာ ဘုန်းမာန်တစ်ယောက်ညတိုင်းဖုန်းဆက်လေသည်။ပြီးရင် မမေးရဘဲ သူ့ရဲ့တနေ့တာလုပ်ခဲ့တာတွေပြောကာ တစ်နေ့လုံးမယ်မင်းဘာလုပ်လဲဆိုတာကိုလည်းမရမကမေးလေသည်။ မယ်မင်းဖြစ်နေတာကိုကြည့်ပြီးသက်ထားကလည်း မေးချင်နေတာ တရွရွနဲ့
"ဟဲ့ မယ်မင်း"
"ဘာလဲ"
"နင်နဲ့ ဘုန်းမာန်ကဘာလဲ"
"ဘာ ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ သူငယ်ချင်းပေါ့"
"ဟဲ့ ကမ နင်စွပိုတွေမပြောနဲ့ ဒီလောက်ငါလာအိပ်တဲ့ ညတိုင်းနင်တို့ဖုန်းပြောနေတာ မြင်နေတာကို ဘာသူငယ်ချင်းလဲ"
မယ်မင်းလည်းပြောမရတဲ့အဆုံး ဘုန်းမာန်ဖွင့်ပြောတာကို သက်ထားကိုပြောပြလိုက်ရသည်။ သက်ထားတစ်ယောက်ကြားလည်းပြီးရော
"ဟွန့် အဲ့ကောင်က တစ်စက်မှယုံရတာမဟုတ်ဘူး တကယ့်ငပွေး နင်မယုံနဲ့နော် ငါတော့နင့်ကို ကိုကြီးနဲ့ပဲသဘောတူတယ်"
မယ်မင်းလည်း သက်ထားအဆူခံရမှာစိုး၍ဘာမှမပြောဘဲ ငြိမ်နေလိုက်ရလေသည်။
အခုတလောဘုန်းမာန်ဖုန်းဆက်ရင် မကိုင်ဘဲနေတော့ ကိုယ်တော်ချောကအလုပ်အကိုင်မရှိတဲ့လူလို ကျူရှင်တစ်အိမ်ကထွက်တိုင်း သူကအဲ့အိမ်ရှေ့ရောက်နေလေပြီ ။ နောက်တစ်အိမ်ကိုသွားတဲ့ တစ်လမ်းလုံးစကားလိုက်ပြောနေကာ ဘေးကနေလျောက်လိုက်တော့သည်။နောက်ဆုံးတော့ မယ်မင်းပဲအလျော့ပေးလိုက်ရကာ ဖုန်းဆက်တာကိုင်မယ်ဆိုမှ ကျေနပ်ပြုံးကြီးပြုံးပြီးပြန်သွားလေတော့သည်။
မယ်မင်းကျူရှင်ပြီးလို့ပြန်လာပြီး ရေမိုးချိုးခေါင်းလျှော်လုပ်ပြီးတော့ အခန်းထဲပြန်အဝင် ဘုန်းမာန်ရဲ့ ဖုန်းလာနေလေသည်။နာရီလှမ်းကြည့်တော့ ၉နာရီထိုးနေတာမို့
"Hello ဒီမှာ ဘုန်းမာန် နင်အချိန်ပြည့်အားနေလား အလုပ်မရှိဘူးလား အားတိုင်းဆက်မနေနဲ့ နင်အားနေလည်း ငါမအားနေဘူး အလကားကောင်"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ