မယ်မင်းတစ်ယောက် ကားပေါ်ရောက်တဲ့ထိ တအံ့တဩ ဖြစ်နေရလေသည်။
"ကဲ ငယ်ရေ ကိုကိုမျက်နှာကြီးလည်း ပေါက်ထွက်သွားဦးမယ် လျော့ကြည့်"
ကိုကိုပြောမှ မယ်မင်းတစ်ယောက် သတိဝင်ကာ ရီကျဲကျဲနဲ့
"အိုးး ကိုကိုကပြောင်းလဲသွားတာကို"
"ဟင်းးးး"
"ဪ ဒါနဲ့ ကိုကို"
"ဗျ"
"အန်တီတို့ရော ကိုကို့ညီလေးတွေရော"
စောနကပြုံးရွှင်နေတဲ့ မျက်နှာက မယ်မင်းမေးလိုက်မှ အနည်းငယ်တည်သွားကာ
"အင်း ဆိုင်လေးခဏထိုင်ကျမလား နေ့လည်တောင်ရောက်ပြီဆိုတော့ ဆာရောပေါ့"
မယ်မင်းလည်း ဘုန်းမာန်နဲ့ ချိန်းထားပေမယ့် ကိုကိုပြောမှာတွေကိုလည်း နားထောင်ချင်သေးတာကြောင့်
"ဟုတ် ဟို မယ်နေ့လည်စာတော့ မစားတော့ဘူး မယ့်ကောင်လေးနဲ့ ချိန်းထားမိလို့ ဒါပေမယ့် အအေးတော့ သောက်မယ်လေ ကိုကိုက စားပေါ့ နော်"
"ဟုတ်ပါပြီဗျာ အဲ့တာဆိုလည်း နီးတဲ့ဆိုင်လေးပဲ ဝင်လိုက်မယ်"
"ဟုတ်"
ဝင်ထိုင်လိုက်တဲ့ဆိုင်လေးက ဘုန်းမာန်တို့ရုံးနဲ့ သိပ်အဝေးကြီး မဟုတ်တာကြောင့် မယ်မင်းတစ်ယောက် အဆင်ပြေသွားလေသည်။
"ငယ် ဘာသောက်ချင်လည်း"
"ကော်ဖီအေးလေးပဲ သောက်တော့မယ်"
"အင်း နေ့လည်စာစားချိန်ကို ကော်ဖီတစ်မျိုးထဲဆို ဗိုပ်အောင့်မှာပေါ့ ဘာဂါလေးလောက်တော့ စားလိုက်နော်ငယ်"
"ဟုတ်"
"ညီလေး ice latte ကို Vanilla topping နဲ့ sweet လေးနော် ပြီးတော့ mini ဘာဂါလေးရော ပေးပါ အစ်ကို့အတွက်က beef steak 🥩 ကို rare ပေးပါ"
မယ်မင်းကော်ဖီဆို အချိုကြိုက်တာသိသေးသော ကိုကို့ကြောင့် သူမှာတာကိုကြည့်ပြီးပြုံးလိုက်မိလေသည်။ စားပွဲထိုးထွက်သွားသည်နှင့်
"ကဲ ကိုကို ပြောပါဦး ကိုကို့အကြောင်းလေး မယ့်ကိုလည်း ဘာမှအသိမပေးဘဲ ပျောက်သွားတော့ မယ့်မှာ ငိုလိုက်ရတာမပြောနဲ့"
YOU ARE READING
First (season 2)
Dragosteဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ