Happy Valentines

603 31 2
                                    

မနက်ဖြန်V day မို့ ချိန်းတွေ့ချင်တယ်ဆိုပြီး ညထဲကနဂျီကောင်တစ်ကောင်လိုပြောနေပေမယ့် မယ်မင်းမှာ ကျူရှင်တွေပိတ်ရန် မလွယ်တာကြောင့် မသိချင်ယောင်ဆောင်နေလေသည်။ အဲ့တာကို ကိုယ်တော်ချောက စိတ်ကောက်ကာ တခြားကောင်မလေးနဲ့ ပဲ ချိန်းတွေ့တော့မယ်ပြောပြီး ဒီနေ့တစ်နေ့လုံးဖုန်းမဆက်တော့ပေ။😂 ကျုရှင်ချိန်ပြီးလို့ ကျူရှင်ကထွက်မှပဲ ကိုယ်တော်ချောက အကြောင်းမကြားဘာမကြားနဲ့ ကားအကောင်းစားကြီးစီးကာ စတိုင်အပြည့်နဲ့ လာကြိုတာတွေ့ရလေတော့သည်။ မယ်မင်းကျောင်းကထွက်လာတာမြင်တော့ ကားပေါ်ကဆင်းလာဖို့လုပ်နေလေသည်။ တီချယ်တို့ကျူရှင်မို့ သူက ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တာကြောင့် ထူးချွန်ကျောင်းသားပုံတွေထဲမှာ သူ့ပုံကြီး ချိတ်ထားတော့ ကျောင်းသားတိုင်း သူ့ကိုသိလေသည်။မယ်မင်းတစ်ယောက် အနောက်မှာ ကျောင်းသားတွေလည်း ကျောင်းလွှတ်လာတာမြင်တော့ မျက်ရိပ်ပြကာ မလာဖို့ပြောတာကို ဘုန်းမာန်က သူ့မြင်ပြီး နှုတ်ဆက်တယ် ထင်နေလားမသိ ကားပေါ်က ပန်းစည်း အကြီးကြီးကိုင်ကာပြုံးပြုံးကြီးဆင်းကာ လာတော့သည်။ မယ်မင်းတစ်ယောက်ရှက်ကာ ဘယ်ကိုပြေးရမလဲမသိပေ။ ဘုန်းမာန်တစ်ယောက် မယ်မင်းဆီ မရောက်ခင်ဘဲ မယ်မင်းကိုအနောက်ကကျော်ပြီးထွက်သွားတာက ကျူရှင်က ဘိုင်အိုတန်းက ဆယ်တန်းကောင်မလေးများဖြစ်လေသည်။ ဘုန်းမာန်တစ်ယောက် မယ်မင်းဆီ ပြုံးပြုံးကြီး လာနေတုန်း သူ့ကို ပိတ်ကာတားလိုက်တဲ့ ကောင်မလေးတွေကြောင့်မအီမလည်ကြီးဖြစ်သွားတာကိုမြင်ပြီး မယ်မင်းရီချင်သွားလေသည်။
Girls : အစ်ကိုက ကိုဘုန်းမာန်လား
ဘုန်းမာန် : "အင်းး"
Girls : " ဟယ် ဟုတ်လား အစ်ကိုက အရမ်းတော်တာပဲနော် တီချယ်ကြီးဆို အစ်ကို့အကြောင်း ခဏခဏပြောတယ်"

ဘုန်းမာန် : "အင်း"

Girls: " အစ်ကိုက စာလည်းအရမ်းတော်ပြီး အနေလည်းအေးတယ် ရည်းစားအရှုပ်ရှင်းလည်း မရှိဘူးတဲ့"

ဘုန်းမာန် : "ဟင်းး ထင်လို့ပါ"

Girls: "ရှင် .. ဘာ ဘာကိုပြောတာလဲဟင်"
😂😂😂

ဘုန်းမာန် : "ဪ ဘာမှမဟုတ်ပါဘူး ကျွန်တော် ကိစ္စလေးရှိလို့ ခွင့်ပြုပါဦး"

Girls: "ဟုတ် အစ်ကို တီချယ်ကြီး ဆီကိုလာတာလားဟင်"

ဘုန်းမာန်တစ်ယောက် အရှေ့ကအကောင်ပေါက်တွေကိုကြည့်ပြီး စိတ်ရှုပ်နေသလို သူတို့အနောက်မှာ ပြုံးစိစိနဲ့ ရပ်နေတဲ့ သူ့ကလေးမကိုလည်းစိတ်တိုနေလေသည်။ 'ဂျစ်တူးလေး သူကျင်းထဲကျပ်ထဲရောက်နေတာကို ပျော်နေတယ် ပြီးမှ ကောင်းကောင်းအပြစ်ပေးရမယ် ဟင်းး'
Girls: "ဟို ညီမတို့လည်း engineer လုပ်ချင်လို့ ဟို ဘာတွေ လေ့လာထားဖို့လိုမလဲသိချင်လို့ အစ်ကို့ကို ဖုန်းလေးဆက်ပြီး မေးလို့ရမလားဟင်"

ဘုန်းမာန် : " V Day နေ့မှာ ပန်းစည်းကြီး ကိုင်လာမှတော့ တီချယ်ဆီဂါရဝပြုဖို့ မဖြစ်နိုင်ဘူးဆိုတာ မသိဘူးဆိုရင် နည်းပညာတက္ကသိုလ် မရောက်နိုင်ဘူး ကြိုးစားမနေနဲ့"

ဘုန်းမာန်တစ်ယောက်ပြောပြီး သူတို့ကိုကျော်ကာ မယ်မင်းဆီထွက်လာတော့ ကောင်မလေးတွေ ကြက်သေ သေပြီး ကျန်ခဲ့လေသည်။ ဘုန်းမာန်က မယ်မင်းဆီကိုဦးတည်ပြီဆိုတာ သိသည်နှင့် မယ်မင်းလှည့်ပြေးဖို့လုပ်ပေမယ့် မမှီတော့ပေ။ မယ်မင်းကို ဂုတ်ကလှမ်းဆွဲကာ ကောင်မလေးတွေဆီကို တစ်ချက်လှမ်းခေါ်လေသည်။

ဘုန်းမာန် : "ဪ မေ့လို့ အစ်ကိုက ဖုန်းနံပါတ်ပေးချင်ပါတယ် အစ်ကို့အမျိုးသမီးလေးက ဖုန်းထဲမှာ မိန်းကလေးဆို သူ့ဖုန်းနံပါတ်ကလွဲရင် တခြားသူမပြောနဲ့ အမေ့ဖုန်းနံပါတ်တောင် မထားရဘူးပြောလို့ အစ်ကို့မှာ အမေ့ဖုန်းနံပါတ် အလွတ်ကျက်ထားရတယ် နော် ချစ်" 😂😂😂

မယ်မင်းမှာ သူ ပခုံးကို ညစ်ထားတာကြောင့် နာနေကာ အတင်းရုန်းနေပင်မယ့် မျက်ရိပ်ပြပြီး အတင်းကျပ်ဖြေခိုင်းနေတာကြောင့် မအီမသာကြီးနဲ့ ဖြေလိုက်ရလေသည်။

"အင်းးး"

✍️✍️✍️✍️✍️✍️🎁 V day suprise အနေနဲ့ အပိုင်းတိုလေး မနေ့က တင်ပေးချင်နေတာ သာသာ နေမကောင်းလို့ ဒီနေ့မှပေးနိုင်တယ် 🥲🙏🙏

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

✍️✍️✍️✍️✍️✍️
🎁 V day suprise အနေနဲ့ အပိုင်းတိုလေး မနေ့က တင်ပေးချင်နေတာ သာသာ နေမကောင်းလို့ ဒီနေ့မှပေးနိုင်တယ် 🥲🙏🙏

First (season 2)Where stories live. Discover now