"အမေ့"
အရပ် 6'2"ရှိသော ဘုန်းမာန် နဲ့ 5'3"သာရှိသော မယ်မင်းတို့မှာ ဘုန်းမာန် တစ်ချက်ဆွဲအလှည့်မှာ စွေ့ခနဲပါသွားပြီး တစ်ပါတ်လည်ကာ သူ့ရင်ခွင်ထဲရောက်သွားလေသည်။ မယ်မင်းမှာ သူ့ကို ပိုးစိုးပက်စက်ရှင်းပြရတော့မယ်မှန်းသိကာ သူ့ရင်ခွင်ထဲက အတင်းရုန်းပြီး ခေါင်းလေးမော့လိုက်ကာ ပြောဖို့ပြင်ရုံပဲရှိသေးတယ်။"ငါ ငါအဲ့တာကလေ.."
မယ်မင်းစကားမဆုံးသေးဘူး မယ်မင်းခေါင်းလေးကို ပြန်ဆွဲယူလိုက်ကာ ရင်ခွင်ထဲပြန်ထည့်လိုက်လေသည်။
"မပြောနဲ့ မယ် ကိုယ်မင်းကိုယုံတယ်။ ကိုယ် မယ့်ကိုစိတ်ပူသွားလို့ စောနက အော်လိုက်မိတာပါကွာ။ နောက်မအော်တော့ဘူးနော်"
'အိုမိုင်ဂေါ့ ဘာလားဟ' မယ့်ကောင်လေး အရမ်းထူးဆန်းနေလေသည်။ အရင်လို စစ်စစ်ပေါက်ပေါက်ဘာတစ်ခုမှမမေးဘဲ ဒေါသလည်းမထွက်ဘဲနဲ့ မယ့်ကိုထွေးပိုက်ထားတာကြောင့် မယ်မင်းတစ်ယောက် ကြောင်အန်းအန်းလေးဖြစ်နေလေသည်။
"စောနက ငါစာသင်မဲ့ ကျောင်းသားပါ"
"အင်း"
"ငါသူတို့အိမ် စာသင်ချိန်သွားညှိရင်း ရေကူးကန်ထဲပြုတ်ကျသွားလို့ အဲ့တာ သူ့အဝတ်စားတွေပြန်ဝတ်လာတာ"
"အင်း"
"ပြီးတော့ သူက အသက်၂၀ရှိပြီ။ နိုင်ငံခြားမှာနေတာ အခုမှဒီမှာ ဆယ်တန်းပြန်ဖြေမှာတဲ့ အန်တီကျူ့မိတ်ဆွေရဲ့ တူတစ်ယောက်ပါ"
"အင်း"
မယ်မင်းတစ်ယောက် သူ့ရင်ခွင်ထဲမှာ ရုန်းဖို့နေနေသာသာ ခေါင်းပင်ဖော်လို့မရအောင်ဖက်ထားခံနေရလေသည်။ မယ်မင်းရှင်းပြနေရင်းနဲ့ ခံစားလာရတာက အရင်ကဆို ဖြေရှင်းချက်မရမချင်း မေးတတ်တဲ့သူက အခုမမေးတော့ဘဲပြီးစလွယ်ဖြစ်နေတာက မယ်မင်းအပေါ်မှာ သူစိတ်ဝင်စားမှုမရှိတော့တာကြောင့်ဆိုတာကိုပဲ။ရှင်းပြရင်းနဲ့ ဆက်မရှင်းပြနိုင်အောင် ဝမ်းနည်းသွားရကာ ဆက်မပြောတော့ဘဲ တအိအိရှိုက်ငိုနေတော့သည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ