မောင်

462 19 4
                                    

မယ်တစ်ယောက် စဉ်းစားနေမိတယ်။ဘုန်းမာန်တစ်ယောက် ပုံမှန် မယ်မင်းကျူရှင်ချိန်တိုင်းနီးပါး အပိုကြို့လုပ်ပေးပေမယ့် အခုတလော အလုပ်ရှုပ်နေကာ နိုင်ငံခြားကိုခဏခဏထွက်နေရတာကြောင့်မလုပ်ပေးဖြစ်ပေ။သူပင်ပန်းနေချိန် ကိုယ်ကဘာမှလုပ်ပေးနိုင်စွမ်းမရှိတာကြောင့် တစ်ခါတစ်လေ ကိုယ်ကသူ့တွက်ဝန်ထုတ်ဝန်ပိုးလို့ ခံစားမိနေတယ်။ ဒီချိန်တွေမှာ ကိုကိုက ချာတိတ်ကိုစာသင်ဖို့ သူကိုယ်တိုင် မယ်မင်းကို အကြိုပို့ လုပ်ပေးကာ မယ်မင်းစိတ်ထဲအဆင်မပြေနေတာကိုသိနေသလိုနဲ့ မုန့်ဆိုင်တွေတော်တော်များလိုက်ပို့ပြီး မယ်မင်းကိုအချိန်ပေးကာ နေလေသည်။ ဒါပေမယ့်ဘာကြောင့်မှန်းမသိ ဘုန်းမာန်အပေါ်မတရားဘူးလို့ ခံစားနေမိကာ ကိုကို့ကို အဲ့လိုမလုပ်ပေးဖို့ပြောရမယ်လို့ တွေးလိုက်မိလေသည်။ခဏနေ ချာတိတ်အချိန်ရှိတာကြောင့် ချာတိတ်တို့အိမ်ကလာခေါ်မယ့်ကားကိုစောင့်နေလေသည်။

🌸🌸🌸
မယ်နဲ့ အရင်လို သိပ်မတွေ့ရဘဲ အခုရက်ပိုင်း အလုပ်တွေရှုပ်နေရလေသည်။ဒါပေမယ့် အရေးကြီးတဲ့ project မို့ဒီနဲ့USကို ခဏခဏပြေးနေရလေသည်။ဒါပေမယ့် ဒီကိစ္စပြီးမြောက်သွားတဲ့အခါ ကိုယ့်လုပ်ငန်းစုလည်းတည်ငြိမ်ကာ မာမီဆီမှလည်း မယ်မင်းကို ကန့်ကွက်ဖို့ အကြောင်းပြချက်ပေးလို့မရမဲ့ အခွင့်ရေးမို့ ဘုန်းမာန်သည်းခံနေရသည်။အခုလောလောဆယ် တစ်လလောက် ကိုယ်နဲ့ ငထွဋ်အပါဝင် ဝန်ထမ်းတွေကြိုးစားထားတဲ့ နောက်ဆုံး final results ကို mail ပို့ပြီး USကနေပြန်လာကာ လေယာဉ်ဆင်းဆင်းချင်း မတွေ့ရတာကြာပြီဖြစ်တဲ့ ချစ်သူလေးကိုတွေ့ချင်နေလေသည်။ သူမလေးကိုသတိရရင်ဘာမှမလုပ်နိုင်ဖြစ်မှာဆိုးကာ ဒီရက်ပိုင်း သူမလေးနဲ့ မဆက်သွယ်ဖြစ်ပေ။အခုအကုန်လုံးပြီးသွားချိန်မှာတော့တွေ့ချင်စိတ်ကိုထိန်းမရတော့ကာ ဖုန်းမဆက်တော့ဘဲ သူမလေးဆီအပြေးသွားလိုက်တော့သည်။

မယ်မင်းတစ်ယောက် တံခါးခေါက်သံကြားလို့ ကျူရှင်ချိန်ရောက်ဖို့လိုသေးပေမယ့် ချာတိတ်တို့အိမ်က ကားလာပြီ ထင်ကာ တံခါးဖွင့်ပေးလိုက်တော့ မတွေ့ရတာကြာတဲ့ မယ့်ကောင်လေးဖြစ်နေလေသည်။

First (season 2)Where stories live. Discover now