🌸🌸3day later🌸🌸
မနက်မိုးလင်း ကျူရှင်သွားဖို့ထွက်လာတော့ လမ်းထိပ်နားမှာ အနွေးထည်အဖြူလေးဝတ်ထားပြီး ကားတံခါးကိုမှီကာ ရပ်နေတဲ့ မတွေ့ရတာကြာနေတဲ့ဘုန်းမာန်ကိုတွေ့တော့ မယ်မင်းခြေလှမ်းတို့ရပ်သွားလေသည်။
'သူ အခုထိနေမကောင်းသေးဘူးလား'
မယ်မင်းကပြန်အလှည့်မှာ ဘုန်းမာန်ကတွေ့သွားပြီး
"မယ် မယ် ကိုယ်ပြောစရာရှိလို့ အဟွတ် အဟွတ် ခဏ အဟွတ် အဟွတ်"ချောင်းတွေဆိုးနေတာကို စကားမရ ရအောင်ဆက်ပြောနေတဲ့ ဘုန်းမာန်ကို သနားသွားပေမယ့် စကားဝါ့စကားများကိုပြန်ကြားကာ မယ်မင်းစိတ်ကိုတင်းလိုက်လေသည်။
"နင် ဘာဖြစ်ချင်နေတာလဲ ကျေးဇူးပြုပြီး ငါ့ကိုမနှောက်ယှက်လို့ရမလား"
"မဟုတ်ဘူး မယ် ကိုယ်ပြောစရာလေးတကယ်ရှိလို့ပါ အဟွတ် အဟွတ် အချိန်ခဏလေးပေးနိုင်မလား"
"ဟင့်အင်း ဘာမှ ငါနားမထောင်ချင်ဘူး နင်နဲ့စကားလည်းမပြောချင်ဘူး ငါ့လမ်းငါသွားပါရစေ"
မယ်မင်းပြောပြီး အထွက်မှာ ဘုန်းမာန်ကလက်လှမ်းဆွဲလိုက်တာကြောင့် မယ်မင်းယိုင်သွားလေသည်။ သေချာသတိထားမိမှပဲ မယ်မင်းကိုကိုင်လိုက်တဲ့ ဘုန်းမာန်ရဲ့လက်တွေပူခြစ်နေတာသတိထားမိသွားတယ်။
"နင် နင်ဖျားနေတာလား ဘုန်းမာန်"
"အဟွတ် အဟွတ် ရတယ် ကိုယ်ဘာမှမဖြစ်ဘူး မယ် စိတ်မပူနဲ့နော် ကိုယ့်ကိုအချိန်ခဏလေးပေးပါကွာနော်"
မျက်နှာငယ်လေးနဲ့ပြောနေတဲ့ ဘုန်းမာန်ကြောင့် မယ်စိတ်ဘယ်လိုမှမတင်းနိုင်တော့ပေ။
"ကောင်းပြီ ငါအချိန်ဆယ်မိနစ်ပေးမယ်။ နင်ပြောပြီးရင် အိမ်ပြန်ရမယ် နေလည်းကောင်းတာမဟုတ်ဘဲနဲ"
"ဟင်းးး နေကအခုလေးတင် မယ့်ကြောင့်ကောင်းသွားပြီ။ လာ မယ် ကားပေါ်တက် ကိုယ်တို့စကားအေးဆေးပြောလို့ရမဲ့နေရာလေးသွားရအောင်"
မယ်မင်းကို ခေါ်ရင် လက်လေးနှသ်ဖက်ပိုက်ပြီး ချမ်းနေတဲ့ပုံစံလေးကြောင့် မယ့်မှာကားပေါ်လည်း မလိုက်ချင်ဘူး အပြင်မှာလည်း လေစိမ်းတိုက်ပြီး မယ့်ကောင်လေးပိုဖျားသွားမှာ စိုးရိမ်ကာ ဘာလုပ်ရမှန်းမသိပေ။ နောက်ဆုံးတော့သူပိုဖျားသွားမှာ စိုးကာ ကားပေါ်ဘဲလိုက်ခဲ့လိုက်မိတော့သည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ