အဝတ်စားလဲပြီး မှမယ်မင်းကိုယ့်ပုံကိုပြန်ကြည့်မိတယ် ဘယ်နှယ် 15/16 အရွယ် ကလေးရဲ့ အဝတ်က ကိုယ့်ထက်ကြီးနေရတာလဲ
ခဏပဲဝတ်မှာပဲလို့တွေးပြီး စဉ်းစားမနေတော့ဘဲ ထွက်လာလိုက်တယ်။ ဧည့်ခန်းထဲရောက်တော့ ချာတိတ်ကိုမတွေ့တော့ပေ။ လူကလည်း ရေထဲပြုတ်ကျထားတော့ ချမ်းစိမ့်စိမ့်ဖြစ်ကာ ဖျားချင်နေလေသည်။ "ဟက် ဟက် ဟက်ချို" နှာများချီကာ နေလို့မကောင်းတာကြောင့် ဆက်လည်းမစောင့်ချင်တော့ပေ။ပြန်မယ်ဆို ထလိုက်ကာမှ ချာတိတ်က Apron လေးဝတ်ရက်သားနှင့်အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်လုံးကိုင်ကာ ဝင်လာလေသည်။
"ဟာ မ ဘယ်သွားမို့လဲ လာပြန်ထိုင် ကျွန်တော် မအတွက် ဆေးသောက်လို့ရအောင် ခေါက်ဆွဲသွားပြုတ်နေတာ မ ချမ်းနေမှာစိုးလို့ လာ"ကိုယ်က သူ့ကို ပေါ့ပျက်ပျက်ကလေးလို့ထင်ထားပေမယ့် သူက ကိုယ့်တွက်ထောင့်စေ့အောင်စဉ်းစားပေးနေတာမြင်တော့ မယ်မင်းတစ်ယောက်စိတ်ထဲ မလုံမလဲ ဖြစ်သွားရလေသည်။
" ရ ရတယ် မစားတော့ဘူး ပြန်တော့မယ် နောက်နေ့မှ အချိန်ညှိပြီး ပို့ပေးလိုက်မယ်"
"ဟာ မကလည်း အရင်စားပါ ကျွန်တော်ပြီးရင် လိုက်ပို့ပါမယ် မ ဒီတိုင်းပြန်ရင် အပေါက်ဝကိုရောက်အောင် အဝေးကြီးလျှောက်ရမှာ ကျွန်တော်ကားနဲ့လိုက်ပို့မယ်နော်"
"ကားနဲ့ပို့ရအောင် မင်းကအသက်မှမပြည့်သေးဘဲ မောင်းလို့ရလို့လား"
ထင်လင်းမာန် တစ်ယောက် သူ့ရှေ့ကမိန်းကလေးကိုသေချာစိုက်ကြည့်နေမိတယ်။ သူ့အင်္ကျီကြီးဝတ်ထားပြီး အင်္ကျီထဲလူပါပျောက်နေပြီး နှာသီးထိပ်လေးတွေလည်း အဖျားငွေ့ကြောင့်ရဲနေပေမယ့် လူကြီးလေးလိုပြောနေပေမယ့် တကယ်တန်းကျတော့ ကလေးလေးလိုဖြစ်နေတဲ့ မကို ကြည့်ရင်း အသည်းယားနေမိသည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ