She's everything

417 24 0
                                    

ထင်လင်းမာန်တစ်ယောက် စိတ်ကြိုက်ထိုးနှက်ပြီးနောက် ခုံပေါ်မှာ ခေါင်းလေးတင်ပြီး မှောက်နေတဲ့ မကို ပွေ့ချီလိုက်ပြီး ကားဆီသွားလိုက်သည်။မူးပြီး အင်းအဲလုပ်ကာ ရုန်းကန်နေလေသည်။

"ဟင့် မောင်ကို ချစ်လို့မရတော့ဘူးတဲ့ ဟင့် ငါ ငါလေးဘယ်လို လုပ်ရမလဲ မောင်က ငါ့ကြောင့်ပင်ပန်းနေရတာတဲ့ ငါရှိရင် သူ့တွက်ခက်ခဲမှာတဲ့ ဟင့် ဟင့်"

ပြောချင်ရာ ပြောပြီး မျက်ရည်လေးများဝဲကာ ရှိုက်နေတဲ့ မ တစ်ယောက် ငြိမ်သက်သွားတော့ ထင်လင်းမာန်မှာ ကားထွက်ဖို့ လုပ်ရသည်။ ကားမောင်းရင် မူးနေတဲ့ မတစ်ယောက် ယိမ်းထိုးနေမည်ဆိုးကာ ခါးပတ် ပတ်ပေးဖို့ မ ကိုကျော်ပြီး ခါးပတ်ကြိုးကို လှမ်းဆွဲဖို့ လုပ်တော့ ငြိမ်နေတဲ့မက ရုတ်တရက် သူ့လည်ပင်းကို လှမ်းဖတ်လေသည်။

"ဟင့်"

ရုတ်တရက်မို့ ထင်လင်းမာန်တစ်ယောက် ကြောင်သွားပြီး မ ဆွဲရာဘက် ပါသွားတော့ မျက်လုံးမှိတ်ထားတဲ့ မ က မျက်လုံးဖွင့်ကြည့်ကာ

"ငါ ငါလေးက မောင့်တွက်ဝန်ထုတ်ဝန်ပိုးတဲ့ ငါလေးကိုရွေးမိလို့ မောင်အခုလိုပင်ပန်းရတာတဲ့ ဟင့် အဲ့တော့ အဲ့တော့ 😢 မောင်ကငါလေးကို မချစ်တော့ဘူးလားဟင်"

ပြောပြီး မျက်ရည်တွေထွက်ကာ တရှုံ့ရှုံ့ငိုနေတဲ့ မကိုကြည့်ပြီး သူ့စိတ်ထဲမှာ နေလို့မကောင်းပေ။ထို့နောက် မအနားကို တိုးတိုးလေးပြောကာကပ်လိုက်မိလေသည်။
"မ ကကျွန်တော့်ကို မချစ်နိုင်ရင်တောင် ကျွန်တော် မကို ချစ်တယ်"
အဲ့ချိန်မှာပဲ မဘက်က ကားတံခါး ရုတ်တရက် ပွင့်သွားပြီး ထင်လင်းမာန်တစ်ယောက် မျက်လုံးတို့ ပြာဝေသွားရလေသည်။
"ဟျောင့် မင်းခွေးကျင့်ခွေးကြံ မကြံနဲ့ ခွပ်"

Mr Smith ဆီကလိပ်စာရရချင်းထွက်လာတဲ့ ပြည့်ဘုန်းမာန် တစ်ယောက် ကားနားရောက်ခါနီးမှာပဲ သူမလေးကို မကောင်းကြံဖို့လုပ်နေတဲ့ သူမလေးတပည့် ခွေးသားကိုတွေ့ကာ မျက်လုံးတို့ပြာဝေလာရလေသည်။သူမလေးကို အုပ်မိုးဖို့ကြိုးစားနေတဲ့ အကောင်ကို တစ်ချက်ထိုးလိုက်ပြီး နောက် သူမလေးကို ကားထဲကပွေ့ချီလာမိသည်။အနောက်မှာရှိတဲ့ ရဲထွဋ်က အလိုက်သိစွာ
"မင်းသွားဘုန်းမာန် ငါဆက်ရှင်းလိုက်မယ်"
"အင်း"
ဘုန်းမာန်တစ်ယောက် ဘာကိုမှဂရုမစိုက်တော့ကာ သူမလေးကို ကားပေါ်တင်ပြီး ထိုနေရာက မောင်းထွက်လာလိုက်သည်။ အမူးသမားလေးက ကားပေါ်မှာလည်း တွန်းထိုးရုန်းကန်နေကာ တစ်စက်မှ ငြိမ်ငြိမ်မနေဘဲ လိုက်ပါလာသည်။ အခုချိန်မှာ သူမလေးအပေါ်ရောက်နေတဲ့ ဒေါသကြောင့် အရင်လို သူမလေးကို တယုတယ မလုပ်နိုင်ဘဲ ရုန်းကန်နေတဲ့ သူမလေးကို လက်တစ်ဖက်နဲ့ တင်းနေအောင် ဖတ်ထားပြီး အိမ်အမြန်ရောက်အောင် မောင်းလာလိုက်သည်။

First (season 2)Where stories live. Discover now