Pain

592 28 4
                                    

သက်ထားနဲ့ ဘုန်းမာန် ဘယ်လိုအဆင်ပြေသွားလဲ မသိပေမယ့် သူတို့ပြေလည်နေတာကို မယ်မင်းသဘောကျလေသည်။နွေရာသီကျောင်းပိတ်ရက်မို့ လေးလပိုင်းတစ်လလုံး မယ်မင်းအနားရနေလေသည်။မယ်မင်းကတစ်နှစ်ပတ်လုံးမှာ ဒီတစ်လသာ အားတာမို့ ဘုန်းမာန်က ခဏခဏအလုပ်ဖျက်ကာ ဟိုဟာလေးပေးမလို့ ဟိုဟာလေးကျန်ခဲ့လို့ လုပ်ကာမယ်မင်းဆီခဏခဏလာလေသည်။😂

ဒီနေ့လည်း ကျူရှင်တွေမရှိတာကြောင့် မယ်မင်း တစ်ယောက်ညက ကိုရီးယားကားတွေကြည့်ကာ နှစ်နာရီလောက်မှအိပ်ပျော်လေသည်။ အိပ်ပျော်ပြီးဘယ်လောက်မှမကြာသေးဘူး အိမ်ရှေ့ကအဆက်မပျက်တံခါးခေါက်သံကြောင့် အိပ်မှုံစုံမွှားနဲ့နာရီလှမ်းကြည့်တော့ မနက်5:30 ဆက်အိပ်လို့မရအောင်ခေါက်နေတာကြောင့် အိပ်ရေးမဝလို့ဒေါသတကြီးထဖွင့်တော့ ကိုယ်တော်ချောက မုန့်ထုတ်ကြီးကိုင်ပြီး ပြုံးပြနေလေသည်။

ဘုန်းမာန်တစ်ယောက် ဂျေဂျေဘောင်းဘီလေးနဲ့ ဆံပင်တွေပွရှုပ်ပြီး ကြွက်စုတ်လေးလို အိပ်ချင်မူးတူးဖြစ်နေသောသူမလေးကိုမြင်ပြီး အသည်းယားသွားကာ

"မောနင်း မောင့်ဂျစ်တူး"
ပြောပြီး မယ်မင်းနဖူးလေးကိုလှမ်းနမ်းလိုက်ကာ လက်ထဲက ဒင်းဆမ်းဘူးတွေကိုမြှောက်ပြလေသည်။

"ဂါးးးး ဘာမောနင်းလဲကွာ အခုမှ 5:30ပဲရှိသေးတာကို မယ် အိပ်ရေးမဝသေးဘူးလေ"

မယ်ဒေါသထွက်နေပြီဆိုတာကိုသိတော့ မျက်နှာငယ်လေးနဲ့

"မောင်က မင်းဟိုနေ့က ဒင်းဆမ်းစားချင်တယ်ပြောလို့ တကူးတက သွားဝယ်လာပေးတာပါကွာ"

ပြောခဲ့တဲ့မယ်မင်းကမသိတော့ဘူး သူကသပ်သပ်မဲ့ အကြောင်းရှာလာနေမှန်းသိပေမယ့် အဲ့လိုပြောတော့လည်း မယ့်မှာစိတ်မကောင်းဖြစ်ရလေသည်။

"အင်းး ထားလိုက်တော့ မယ်နိုးမှ စားလိုက်မယ် ပေး"

"ဟာ အဲ့လိုမရပါဘူး မယ်ကလည်း အဲ့လိုဆိုအေးသွားရင် အရသာမရှိတော့ဘူး မယ်ကအိပ်လေ မောင်ကဒါလေးတွေ ပြန်ပေါင်းပေးထားမယ် နော်"

သူကသာပြောနေတာ မယ်မင်းက မရပါဘူးဆိုတဲ့ မျက်နှာပေးဖြစ်မထုံတက်တေးလုပ်နေလေသည်။

First (season 2)Where stories live. Discover now