"မယ် ကို ရှင်းပြမယ် မယ် မင်းထင်သလို ကိုယ် မင်းကို တန်ဖိုးမထားလို့ နမ်းတာမဟုတ်ဘူး ကိုယ် ကိုယ်.."
ဘုန်းမာန်တစ်ယောက် အသည်းသန်ရှင်းပြနေပေမယ့် မယ်မင်းတစ်ယောက် နားမထောင်တော့ပေ။"နင် အခုထွက်သွားပေးပါ ငါ့အိမ်ထဲက ။ ငါဘာမှလည်းမသိချင်ဘူး ဘယ်ဖြေရှင်းချက်မှလည်းနားမထောင်ချင်ဘူး ငါ့ကိုအနည်းဆုံး မိန်းကလေးတစ်ယောက်လို့ပဲ သတ်မှတ်သေးတယ်ဆို ထွက်သွားပေးပါ ကျေးဇူးပြုပြီး"
မယ်တစ်ယောက် အသိစိတ်ပျောက်သလိုလေး ဖြစ်ကာ နှာသီးဖျားလေးတွေရဲနေပြီး ငိုချင်စိတ်ကြောင့်မျက်လုံးတွေဖောင်းအစ်နေတာ မြင်ပြီး ဘုန်းမာန်ဆက်မပြောတော့ဘဲ ငြိမ်လိုက်ကာ
"ကောင်းပြီ မယ် ကိုသွားပါ့မယ် မယ်စိတ်ဆိုးနေတယ်ဆိုလည်း ကိုယ်စိတ်ပြေတဲ့ထိချော့ပါ့မယ်။ အခုထိမိုးတွေကသည်းနေလို့ မိုးချိန်းရင် မယ်ကြောက်မှာစိုးလို့ ကိုယ်အပြင်ဘက်မှပဲစောင့်နေပေးပါ့မယ် ။ မယ် အဆင်မပြေရင် ချက်ချင်းကိုယ့်ဆီလာခဲ့ပါနော်"
ပြောပြီး ဘုန်းမာန်တစ်ယောက် အိမ်ထဲကထွက်သွားပေမယ့် အိမ်ရှေ့က အမိုးစွန်းနားမှာ လက်နှစ်ဖက်ပိုက်ပြီး ရပ်နေလေသည်။ အပြင်မှာ မှောင်မဲပြီး မိုးတွေကလည်းသည်းလို့။ မယ်မင်းတစ်ယောက် သူရပ်နေတာကို မြင်ပေမယ့် အိမ်ရှေ့တံခါးကို ဝုန်းခနဲစောင့်ပိတ်လိုက်ကာ အခန်းထဲပြန်ဝင်လာလိုက်တော့သည်။ 'အလကားကောင်'
မယ်မင်း အိပ်ရာနိုးလာတော့ နာရီကြည့်မိကာ မနက်၉နာရီတောင်ထိုးလို့နေတော့သည်။ အိမ်ရှေ့ကတံခါးခေါက်သံကြားတော့ ဘုန်းမာန်ဟုထင်ကာ ထမဖွင့်ပဲ ဆက်လှဲနေမိသည်။ ခဏကြာတော့ ဖုန်းသံမြည်လို့ကြည့်မိတော့ သက်ထားဖြစ်နေကာ
"ဟယ်လို သက်ထားပြော""ဟဲ့ မယ် နင်အိမ်မှာမရှိဘူးလား ငါအခုနယ်ကပြန်ရောက်လို့ အိမ်ရှေ့မှာ တံခါးခေါက်မရလို့"
"ဟင် ဟုတ်လား နေဦး ငါလာဖွင့်ပေးမယ် အခု"
ပြောပြီး အိမ်ရှေ့ကိုအပြေးလေးသွားပြီး ဖွင့်လိုက်တော့ မယ့်သူငယ်ချင်းလေးက အထုတ်ပိုးတွေတပွေ့တပိုက်နဲ့ ရပ်လို့နေပေသည်။ အိမ်ရှေ့ကိုလှမ်းကြည့်တော့ ဘုန်းမာန်ကိုမတွေ့တော့တာကြောင့် မယ်မင်းတစ်ယောက် မျက်နှာတစ်ချက်မဲ့လိုက်ကာ စိတ်ထဲမှ ပြောလိုက်လေသည်။ 'အလကားလူ'
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ