မယ်မင်းတို့ကား တဖြည်းဖြည်းနောက်က လိုက်ရင်း အရှေ့ကသွားနေတဲ့ မောင့် ကားဦးတည်ရာက ရုံးခန်းကို မဟုတ်ပေ။
"ဟဲ့ မယ်မင်း နင့်ယောကျာ်းသွားနေတာ သူ့ရုံးမဟုတ်ဘူးနော်။နင့်ကိုငါပြောပါတယ် ယောကျ်ားတွေကမယုံရဘူးလို့။ကိုရှိန်းကတော့ နည်းနည်းပါပဲ နင့်ယောကျာ်းကတော့ လုံးဝမကောင်းတဲ့ အကောင်ပဲ ။ဟယ်....မယ်မင်း ငါအရင် ရာထူးမတိုးဘဲ နင်များတိုးးးးတော့မှာလားမသိဘူးနော်"မယ်မင်းလည်း ကားပေါ်မှာထိုင်နေရင်း ရင်ထဲတဒိန်းဒိန်း ဖြစ်နေရတဲ့ကြားထဲ ကားမောင်းရင်း စထွက်ထဲက တောက်လျှောက်ပြောနေတဲ့ သက်ထားကြောင့် နားတွေပါပူလာတော့ ဒေါသဖြစ် ပတ်ခနဲအော်မိတော့သည်။
"တိတ်စမ်း ပေါက်ကျော်မ ဟိုမှာမောင့်ကားကို မျက်ချေပြတ်တော့မယ် ကားကို နင့်ပါးစပ်ကထွက်တဲ့ နှုန်းနဲ့သာမောင်းရင် အခုလို ပျက်မကျန်ခဲ့ဘူး ။သေချာမောင်း"
"အေးပါဟယ် နင်ကလည်း ငါ့ကနင့်ကိုစိတ်ပူလို့ပါ ကိုရှိန်းဆို ငါ့ကို မနက်က သေချာလေး အနမ်းပေးပြီး smiling 🙂 လေးလုပ်ပြီး အလုပ်ကိုတန်းတန်းမတ်မတ်ထွက် သွားတာ ငါကအခုလိုပြန်အချစ်ခံနေရချိန် သူငယ်ချင်းလေးက ပူလောင်နေရတော့ မနေနိုင်လို့ပြောမိတာပါဟယ်"
မယ်မင်းရဲ့ မျက်စောင်းပေါက်ကျော်မဆီ ဒိုင်းခနဲရောက်သွားတော့ မနေတတ်သလို ဖြစ်သွားကာ ဟီးးးခနဲရီပြီး ရှေ့ကြည့်မောင်းလေသည်။ငါးမိနစ်ပင်မပြည့်လိုက် မောင့်ကားက ဟော်တယ် တစ်ခုအတွင်း ချိုးကွေ့ဝင်သွားတော့ မယ်မင်းမှာ ရင်ထဲစို့တက်သွားလေသည်။သူ့ကားရပ်လိုက်တဲ့နေရာကို ဟော်တယ်ထဲမှ အနီရောင် dress ကို ရဲရဲနီနေအောင်ဝတ်ထားတဲ့ မိန်းကလေးက ပြုံးပြီးရောက်လာကာ အတူတူ အထဲဝင်သွားကြလေသည်။ပုံမှန်မယ်မင်းကိုမနက်စာပြင်ဆင်ကျွေးမွေးပြီးမှအလုပ်သွားတတ်တဲ့မောင်က သူ့မကို ထားခဲ့ပြီး အလောတကြီး ထွက်သွားတာ ဟော်တယ် တဲ့လား။ဟော်တယ်ထဲ ကားလိုက်ကွေ့ဝင်ရင်း သက်ထားက တောက် တခေါက်ခေါက်နဲ့ ဒေါသတွေ ထွက်နေပေမယ့် မယ်မင်းက ငြိမ်ကျသွားလေသည်။အကယ်၍အထဲရောက်လို့ မောင်က အဲ့မိန်းမနဲ့ ဝင်သွားပြီးပြန်မထွက်လာရင် မယ်မင်း ဘယ်လို လုပ်မလဲ မယ်မင်းတွေ့သွားတာ မောင်ကသိပြီး မယ်မင်းကို မရွေးဘဲ အဲ့မိန်းကလေးကိုပဲ ရွေးလိုက်ရင်ရောကွယ်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ