Happy Ending ❤️

662 27 12
                                    

အခန်းတံခါးကို ဖွင့်လိုက်ရင်ပဲ ခုံမှာထိုင်နေသော သူမလေးက နတ်သမီးတစ်ပါးလိုပဲ လှပလွန်းလှလေသည်။ဘုန်းမာန်တစ်ယောက် အသက်ရှူဖို့ မေ့လျော့နေသည်အထိ မင်သက်ငေးမောနေတာကို စိတ်မရှည်တော့သော သူမလေးက ဘုန်းမာန်ဆီ ထလာခဲ့ကာ

"ဟို ဘုန်းမာန် စောနက အန်တီပြောသွားတာ ငါလေး နားမလည်...အင့်"

မယ့်စကားတောင်မဆုံးလိုက်ဘူး ဘုန်းမာန်က မယ်မင်းကို ဆွဲလိုက်ကာ စကားများနေတဲ့နှုတ်ခမ်းတို့ကို ပိတ်ကျသွားအောင် နမ်းလိုက်တော့လေသည်။တော်တော်ကြာသည်အထိမလွှတ်တော့ မယ်မင်း အသက်ရှုကြပ်လာကာ ရင်ခွင်ထဲမှနေ၍ တဘုန်းဘုန်း ရိုက်တော့သည်။ထိုအခါမှ မချင့်မရဲနှင့် လွှတ်ပေးလိုက်ပြီး

"မောင့် မိန်းမလေးက အရမ်းလှနေတော့ မောင့်မှာပြင်ဆင်ချိန်တောင်မရှိဘူး ဟွန့် အစက surprise လုပ်မလို့ဟာ အခုမထိန်းနိုင်တော့ဘူးကွာ"

"နင် နင်ဘာတွေ ပြောနေတာလည်း ငါ ငါလေးနားမလည်တော့ဘူး နင်ကစကားဝါနဲ့လက်ထပ်မှာ မဟုတ်ဘူးလား"

"မောင့်အချစ်ကို ဘယ်သူပြောလဲ မောင်က မင်းမဟုတ်တဲ့ တခြားသူနဲ့ လက်ထပ်မယ်လို့ အခုရော နောင်ရော ဘယ်အချိန်ပဲ ဖြစ်ဖြစ် မောင့်ရဲ့တစ်ဦးတည်းသောလေးက ခင်ဗျားပဲ"

မယ်မင်း မျက်လုံးလေးတွေ ဝိုင်းပြီး နားထောင်နေရင်း ဘုန်းမာန်က တစ်ဦးတည်းသောလေးက သူမပဲဆိုတာ ပြောလာချိန်တွင် မျက်ရည်တို့ ပေါက်ခနဲ ကျလာလေတော့သည်။သူမဆုံးရှုံးလိုက်ရပြီထင်တဲ့ သူမရဲ့ မောင်ကို အခုသူမ ပိုင်ဆိုင်ရတော့မှာလား။

"အာာာ ဘာလို့မျက်ရည်ကျတာလည်းကွာ မိန်း ကလည်း။မောင့် မိန်း မလှတော့ဘဲနေမယ်နော်"

"ဟီးးးး😭 ငါလေး ငါလေးက မောင့်ကို မဆုံးရှူံးရတော့ဘူးပေါ့နော်။ငါလေးကို လက်ထပ် မှာပေါ့နော်။ငါလေး ငါလေး.."

ပြောပြီး ငိုကာ ရင်ခွင်ထဲဝင်လာတဲ့ သူ့ကလေးမကို ပွေ့ဖက်ထားရင် ဘုန်းမာန် တီးတိုးဆိုမိလေသည်။

"နောက်တစ်ခါ မောင့်ကိုမထားခဲ့ပါနဲ့။မင်းမရှိတဲ့ဘဝ ငါးနှစ်သားလေး ဆေးခါးစသောက်ရသလိုပဲ အရာရာခါးသပ်သပ်နဲ့ ဒါကြောင့်နောက်ဆိုအဲ့လိုမလုပ်ပါနဲ့တော့ကွာ နော် မောင့်အချစ် မောင်လိမ္မာပါ့မယ်ဗျာ နော်"

First (season 2)Where stories live. Discover now