တာဝန်ယူပေးရမယ်1

539 28 7
                                    

"ငါ ငါစိတ်လှုပ်ရှားလိုက်တာ မယ်မင်းရယ်"

"အာ ဘာမှမဖြစ်ပါဘူး မင်္ဂလာဆောင်တာ ဒီလိုပဲ အဆင်ပြေသွားမှာပါဟ"

"အမယ်လေး မသိရင် သူဆောင်ဖူးတာကျလို့ သူကျအခုမှ သတို့သမီး အရန်လုပ်ဖူးတာကိုများ"

"ဟဲ့ မဆောင်ဖူးပေမယ့် ခဏခဏမြင်ဖူးပါတယ် အတွေ့ကြုံမနည်းပါဘူး ငါလေးက"

"အပိုတွေ ဟာ ငါသိပြီ ငါစိတ်ငြိမ်သွားအောင် ဝိုင်လေးတစ်ခွက်လောက်သောက်လိုက်ရမလား"

"အာ ဒီပေါက်ကျော်မတော့ ဝိုင်သောက်ပြီးဝင်ရအောင် နင်ဝင်ရမှာ မင်္ဂလာခန်းမ ကလပ်
မဟုတ်ဘူး ဟွန့်"

မယ်မင်းတို့ သူငယ်ချင်း နှစ်ယောက် သတို့သမီး အခန်းမှာ ငြင်းခုန်နေကျလေသည်။နှစ်ယောက်သား တကျိတ်ကျိတ် ပြောနေတုန်း အခန်းတံခါးကဖြည်းဖြည်းချင်းပွင့်လာတာကြောင့် ကြည့်လိုက်တော့ သတို့သားကြီး ကိုရှိန်း ဖြစ်နေလေသည်။ရှိန်းသူကျော်မှာ အထဲကိုဝင်လာတော့ အဖြူရောင်ဝတ်စုံလေးနဲ့ သူရဲ့ သတိုးသမီးလေးက လှမ်းကြည့်နေလေသည်။

မယ်မင်းတို့ သူငယ်ချင်း နှစ်ယောက် သတို့သမီး အခန်းမှာ ငြင်းခုန်နေကျလေသည်။နှစ်ယောက်သား တကျိတ်ကျိတ် ပြောနေတုန်း အခန်းတံခါးကဖြည်းဖြည်းချင်းပွင့်လာတာကြောင့် ကြည့်လိုက်တော့ သတို့သားကြီး ကိုရှိန်း ဖြစ်နေလေသည်။ရှိန်းသူကျော်မှာ အထဲကိုဝင်လာတော့ အဖြူရောင်ဝတ်စ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူမလေးက သူ့အတွက်ရင်တွေတဒိတ်ဒိတ်ခုန်စေမဲ့ မိန်းကလေးမျိုးမဟုတ်ပေမယ် အနားမှာရှိရင် စိတ်အေးချမ်းမှုကို ဖြစ်စေပြီး သူ့ရဲ့နာကျင်မှုတွေကိုအပြုံးနဲ့ထွေးပွေ့ပေးသူ အရာရာကိုခွင့်လွတ်နားလည်ပေးသော သူ့ရဲ့အဖော်မွန်ကောင်းတစ်ယောက်ဖြစ်လေသည်။

ကိုရှိန်းဝင်လာတာလည်းမြင်ရော ငြင်းခုန်နေတဲ့ သက်ထားမချက်ချင်းငြိမ်သွားပြီးသူ့သတို့သားကို ယုန်သူငယ် မျက်နှာနဲ့ လှမ်းကြည့်ပြီး ပြုံးနေတော့ မယ်မင်းတစ်ယောက်တက်လည်းတက်နိုင်လွန်းသော သူငယ်ချင်းမအား စောက်မြင်ကတ်နေပါတော့သည်။
(😂😂မယ်မင်းတွက်မျက်ရည်နှစ်စက်)

First (season 2)Where stories live. Discover now