မယ်မင်းတစ်ယောက် ညနေ ဘုန်းမာန်နဲ့ တွေ့မှ ချာတိတ်ကိုစာသင်မဲ့ ကိစ္စ ပြောမည်ဟုတွေးထားလိုက်ပြီး ချာတိတ်အဖေနဲ့ တွေ့ရန် ထွက်လာလိုက်သည်။ အိမ်ရှေ့ရောက်မှ ကြည့်မိတော့ လာကြိုသောကားမှာ အနက်ရောင် ဖိတ်ဖိတ်တောက်နေသော ကားအကောင်းစားကြီး ဖြစ်နေလေသည်။ နဂိုကမှ ပြောချင်ဆိုချင် ပတ်ဝန်းကျင်မို့ ခပ်မြန်မြန်သာ တက်ခဲ့လိုက်လေသည်။ ဟိုရောက်တော့ ဧည့်ခန်းထဲထိုင်စောင့်နေတုန်း သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရောက်လာလေသည်။
"တွေ့ရတာဝမ်းသာပါတယ် ဆရာမ ကျွန်တော်က
ထင်လင်းမာန်ရဲ့ ဒယ်ဒီပါ""ဟုတ်ကဲ့ပါ ကျွန်မက မယ်မင်းဂုဏ်ရောင်ပါ သားဖြစ်သူကို စာသင်မဲ့ သူပါ"
"ကျွန်တော် ဆရာမအကြောင်းကို ဟိုမှာထဲက Sam အိုးးး ဆောရီး သားထင် ပြောလို့ ကြားဖူးပါတယ်။ဆရာမနဲ့မှ မဟုတ်ရင် စာမသင်ဘူးဆိုပြီး ရစ်နေတာ ဟင်းးး နောက်ဆုံး သူအောင်မြင်သွားတာပဲ"
"ဟုတ်ကဲ့ ကျွန်မ အခုလကုန် စဝင်ပါမယ် တစ်ပါတ်ငါးရက်နဲ့ တစ်ရက် သုံးနာရီပါ ။ဒါက time table လေးပါ"
အဂ္ဂမာန်တစ်ယောက် သူ့အရှေ့မှာ သူ့ကိုမမှတ်မိဘဲ လူကြီး တစ်ယောက်လိုပြောနေတဲ့ ငယ့်ကိုကြည့်ပြီး အသည်းယားနေမိကာ ပြုံးနေမိသည်။
"ဟုတ်ကဲ့ ကောင်းပါပြီ အပန်းမကြီးရင် နေ့လည်စာလေး ကျွေးလို့ရမလားဗျ"
မယ်မင်းတစ်ယောက် ညနေ ဘုန်းမာန်နဲ့ ချိန်းထားလို့ နေ့လည်ချိန်းပြောင်းချိန်းလိုက်တာကြောင့် ဘာမှမစားရသေးလို့ ဗိုက်ဆာနေပေမယ့် အလုပ်ကိစ္စမို့ ပြောနေရသည်။ဒီကြားထဲ ချာတိတ်အဖေက ချာတိတ်လိုပဲ ကြည့်တဲ့ပုံကိုက ပြုံးစိစိနဲ့မို့ အမြင်ကတ်နေမိသည်။
"ရပါတယ် ကျွန်မကိစ္စလေးရှိလို့ ခွင့်ပြုပါဦး"
သူ့အရှေ့က မြန်မြန်ထွက်ချင်နေတဲ့ ငယ့်ပုံကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ
"ကောင်းပါပြီ ကျွန်တော် လိုက်ပို့ပေးပါမယ် ဆရာမ"
မယ်မင်းတစ်ယောက် ဒီလူနဲ့ မမြင်ချင်လို့ ပြန်ပါမယ်ဆိုမှ ဒီလူနဲ့ ကားဆက်စီးရမှာကို စဉ်းစားမိတော့ စိတ်ညစ်သွားမိလေသည်။ မစီးလို့လည်းမရဘူး ချာတိတ်တို့အိမ်က ကားလမ်းမနဲ့ ဝေးတဲ့အပြင် ခြံကလည်း အကျယ်ကြီးမို့ လမ်းလျှောက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ