ပိုချစ်ရသူကိုသာဖြစ်ပါစေ😔

394 17 0
                                    

ဘုန်းမာန်တစ်ယောက် မယ်မင်းအိမ်ကထွက်လာတော့ နေ့လည် 3:00နာရီ ထိုးနေပြီ ထွဋ်ခေါင်ဆီ ဖုန်းလှမ်းဆက်တော့

"ငထွဋ် အခြေနေ ဘယ်လိုလဲ"

"ပုံမှန်တော့ မဟုတ်ဘူးကွ အခုထိ အကြောင်းမပြန်ဘူး သူတို့ဘက်က အသိပြောတာတော့ ငါတို့ကုမ္ပဏီက project ကို သူတို့သဘောအကျဆုံးလို့ပြောတယ်"

"ဒါပေမယ့် decision မကျသေးဘူးပေါ့"

"အင်း ငါထင်တာကတော့ ငါတို့ဘက်က project ကို ဟိုဘက်က ကြိုက်ပေမယ့် ဆုံးဖြတ်ချက်ကျမလာသေးတာကMr Smithက အဓိကဖြစ်နေတယ် ပြီးတော့ ငါတို့ကုမ္ပဏီမှာ ပြိုင်ဘက်ကုမ္ပဏီကိုရွေးနိုင်တယ်လို့ သတင်းတွေဖြန့်နေတယ် ။ အဲ့တာကိုအကြောင်းပြပြီး ဦးထင်ဇော်က အရေးပေါ် ရှယ်ယာရှင် အစည်းဝေးခေါ်ဖို့ ရှယ်ယာရှင်အချို့ကို ကြိတ်စည်းရုံးနေတယ်။ဟိုဘက်က ငါတို့project ကို ငြင်းလိုက်ရင် ဖြစ်လာမဲ့ဆုံးရှုံးမှုကိုထောက်ပြပြီး မင်းကို CEO ရာထူးက ဆွဲချဖို့လုပ်နေတယ်"

ဦးထင်ဇော်(စကားဝါမေ အဖေ)ဘယ်ခြေလှမ်း လှမ်းနေမှန်းသိသာလေသည်။ဘုန်းမာန်ကို သမီးဖြစ်သူနဲ့ လက်ထပ်စေချင်ကာ ကုမ္ပဏီမှာ သူအလွဲသုံးစားလုပ်ထားတဲ့ ပြစ်မှုတွေကို ဖုံးဖိဖို့ကြိုးစားနေပေမယ့် ဘုန်းမာန်ကငြင်းလိုက်တာကြောင့် ရှယ်ယာရှင်အဖြစ်ဘဲ မနေနိုင်တော့ကာ ဘုန်းမာန်အားဖြုတ်ချဖို့ကြိုးစားနေလေသည်။

"အိုကေ ငထွဋ် ငါဆက်လုပ်လိုက်မယ် ဒါပဲလား"

ဘာလို့ Mr Smith က သူ့လုပ်ငန်းတွေကို ပိတ်ပင်နေလဲဆိုတာ ဘုန်းမာန် စဉ်းစားမရဖြစ်နေတယ် ရည်ရွယ်ချက်တစ်ခုခုကြောင့်ဆိုတာ သိပေမယ့် ဘာကြောင့်လဲ မသိပေ။ဆွေးနွေးကြည့်ဖို့လိုလာပြီထင်တယ်။

"ပြီးတော့ ရှိသေးတယ် ဆိုင်လားတော့မသိပေမယ့် မင်းစုံစမ်းခိုင်းထားတဲ့ မယ်မင်းစာသွားသင်တဲ့ အိမ်က ဟို ဟို"

"ဟျောင့် ပြောကွာ"

"အင်းး Mr Smith တို့အိမ်တဲ့"

"ဘာ"

အခုမှဆက်စပ်တွေးမိကာဘုန်းမာန်တစ်ယောက် ဖုန်းပြောပြီး မေးကြောတွေတင်းလာလေသည်။အဲ့နောက် Mr Smith ထံဖုန်းဆက်လိုက်လေသည်။

First (season 2)Where stories live. Discover now