မယ်မင်းတစ်ယောက် ဘုန်းမာန်နဲ့ ရည်းစားဖြစ်ပြီးနောက် အရမ်းဂရုစိုက်ခံရပြီး အချစ်ခံရလို့ အဆင်ပြေတယ် ထင်ရပေမယ့် စိတ်ညစ်စရာတွေလည်း များစွာရှိလေသည်။ ဥပမာပြောရမယ်ဆိုရင် ပထမဆုံး သူနဲ့တွဲနေပြီလို့ သက်ထားကိုပြောတော့ သေအောင်အဆူခံရလေသည်။ နောက်ဆုံး စိတ်ဆိုးပြီး စကားမပြောတော့ကာ လေးငါးလလောက်ကြာတဲ့အထိတော်တော်ချော့ရလေသည်။ အဲ့လိုချော့တာကို ဘုန်းမာန်ကလည်း နည်းနည်းလေးမှကြည့်မရပေ။ကိုရှိန်းကတော့ အလုပ်ကိစ္စကြောင့် အမေရိကားကို တစ်နှစ်ထွက်သွားတာကြောင့် မယ်မပြောနိုင်သေးပေ။
"မယ် လို လို့လားကွာ သူကမောင်နဲ့သဘောမတူရအောင် မောင်ကဘာလိုအပ်ချက်ရှိနေလို့လဲ"
"ဟာ မရပါဘူး သက်ထားက မယ့်တွက်ညီမတစ်ယောက်လိုပဲ အရေးပါတယ် သူ့ကိုစိတ်ချမ်းသာစေချင်တယ်"
" အဲ့တော့ မောင်ကတော့ စိတ်ဆင်းရဲပစေပေါ့ အဲ့လိုလား မယ် မတရားဘူးကွာ"
"မယ့်အတွက် အရေးပါတဲ့သူတစ်ယောက်ရဲ့ ယုံကြည်ချက်လေးတောင် ဘုန်းမာန်ရအောင်မလုပ်ပေးချင်ဘူးလား မယ်စိတ်မကောင်းဘူး ထားလိုက်တော့ မယ်ဘာသာပဲ မယ်လုပ်တော့မယ်"
မယ်မင်း မျက်နှာမကောင်းတော့ ဘုန်းမာန်နေမရထိုင်မရဖြစ်သွားကာ
"ဟာ မယ် အဲ့လိုမဟုတ်ပါဘူးကွာ မောင်လုပ်မယ်နော် မယ်စိတ်မဆိုးပါနဲ့ကွာ မောင်မနေတတ်ဘူး"
"အင်း ပြီးရော မယ်အဲ့တာဆို သူနဲ့တွေ့ဖို့ချိန်းလိုက်မယ်နော်"
အဲ့လိုချော့ရခက်နေရတဲ့ကြားထဲ သူနဲ့ဆုံပေးပြီး သက်ထားနဲ့ အဆင်ပြေမလို့ကြံရုံရှိသေးတယ် အလိုက်ကန်းဆိုးမသိသော ကိုယ်တော်ချောက လုပ်လိုက်တာ ဟိုကပြန်စိတ်ကောက်သွားလို့ မယ်မင်းမှာ ထပ်ချော့ရလေသည်။ တွေ့တဲ့နေ့မှာ မယ်တို့နှစ်ယောက် သက်ထားကို ကားနဲ့သွားခေါ်တော့ သက်ထားက မယ့်ကို သူနဲ့အနောက်ခန်းမှာ လိုက်ထိုင်ခိုင်းလေသည်။ မယ်ကလည်း သက်ထားတစ်ယောက်ထဲဖြစ်မှာစိုးကာ ဆင်းဖို့လုပ်တော့
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ