ဘယ်သူကအရေးကြီးဆုံးလဲ

489 18 0
                                    

လက်မောင်းပေါ်အပူပင်မရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသွား ချစ်သူလေးကို စောင်လေးခြုံပေးပြီး နှဖူးလေးကိုနမ်းကာ ဘုန်းမာန်တစ်ယောက်ထွက်လာခဲ့လေသည်။ အခုရက်ပိုင်း သူမလေး အရင်းနှီးဆုံးသူတွေနှင့် အဆင်မပြေဖြစ်နေတာ ကိုယ့်ကြောင့်ဆိုတာသိတော့ စိတ်မကောင်းဖြစ်နေရသည်။အခုရက်ပိုင်း အလုပ်ကိစ္စကလည်းအရေးကြီးနေတော့ ချစ်သူလေးနားကြာကြာမနေနိုင်ဘဲ အလုပ်ကိုသွားရဦးပေမည်။ အိမ်တံခါးလေးပိတ်ပြီးလမ်းပေါ်ထွက်တော့ ည ၁၂နာရီထိုးနေပြီ
"Ring ....📱"

ဖုန်းမြည်၍ကြည့်လိုက်တော့ ထွဋ်ခေါင်ဖြစ်နေလေသည်။ ဒီတစ်ခေါက်US မှာ အရေးကြီးတဲ့ project ကိစ္စရှိနေကာ သူမယ့်ကိုစိတ်မချ၍သွားနိုင်တာကြောင့် ဒီကောင်ကြီးအဲ့ရောက်နေတာဖြစ်လေသည်။ သူလည်း ဒီကနေ တော်တော်များ ညဘက်တွေပါ လုပ်နေရလေသည်။

"ဘုန်းမာန်ရေ ငါတို့US ကစျေးဝယ်စင်တာproject ကို တော်တော်လေးသဘောကျနေပြီးမှ အခုFinal decision ကျလာတော့ တခြားကုမ္ပဏီတစ်ခုကို collect လုပ်သွားတယ်ကွ"

"ဘာ.. ဘယ်လိုဖြစ်လို့လဲ ညနေကအထိအကုန်အဆင်ပြေနေပြီးတော့"

"ဟုတ်တယ်ကွ သူတို့လည်း ဒီနေ့မနက်မှ အားချင်းပြောင်းသွားတာ သူတို့ရွေးသွားတဲ့ ကုမ္ပဏီက ဒီမှာနာမည်တော်တော်ကြီးတယ် တော်ယုံကုမ္ပဏီကို ပါတနာမထားဘူး ။အဲ့တာသူတို့ကိုဒီမနက်မှ ကမ်းလှမ်းမှုလုပ်လို့ သူတို့ရွေးလိုက်တာ"

"Fuck off, ဘာတဲ့လဲ နာမည်က"

"MMGY တဲ့ကွ သူတို့က ဒီမှာ ကားလုပ်ငန်း၊ဖုန်းလုပ်ငန်းနဲ့ ရတနာလုပ်ငန်းမှာတော့ နာမည်ကြီးပဲ ဆောက်လုပ်ရေးပိုင်းကိုတော့ လုပ်တယ် မကြားသေးဘူး ။ ဒီတိုင်းစတော့ပြန်ဆော့ဖို့များ လုပ်ထားတာလားမသိဘူး။ ဆောက်လုပ်ရေးပိုင်းကတော်တော်များများလည်းသူ့ဆီကပြန်ဆွဲဖို့လုပ်နေကျတယ် ဘုန်းမာန် ငါထပ်ပြီးကြိုးစားကြည့်လိုက်ဦးမယ်။ CEO နာမည်က Mr smith တဲ့ သူဌေးက တော်တော်လေးထက်မြတ်တယ်လို့ ပြောကျတယ်။လူရှေ့တော့ သိပ်မထွက်လို့သိတဲ့သူရှားတယ်တဲ့ကွ။အခုလည်း သူဘယ်ရောက်နေလဲ ဘယ်သူမှအတိကျမသိကျဘူး"

First (season 2)Where stories live. Discover now