မယ်မင်း တစ်ယောက် ဘုန်းမာန်ကို ဘာလို့ အိမ်ထဲခေါ်လိုက်မှန်း ကိုယ့်ဘာကို မသိတော့ပေ။ မယ်တို့အိမ်ထဲရောက်ပြီး မကြာခင်ပဲ မီးပြန်လာကာ လင်းသွားလေသည်။ မိုးကတော့ သည်းမြဲ သည်းဆဲပင်။
မယ်မင်းအိမ်ထဲကို ရောက်တော့ သူ့ကို ဧည့်ခန်းမှာ ခဏထိုင်ခိုင်းကာ ဖေကြီးရဲ့ အဝတ်စားတစ်ချို့ သွားထုတ်လိုက်သည်။ ဧည့်ခန်းထဲရောက်တော့ ထိုင်ခုံမှာ ထိုင်ပြီး တစ်အိမ်လုံးကို ဇာတ်လည်အောင်လိုက်ကြည့်နေတဲ့ သူ့ကြောင့် မယ်မင်းပြုံးစိစိဖြစ်သွားရသည်။ 'စပ်စုစိန်လေး'
"ရော့ အဲ့တာလေးဝတ်ထားလိုက်"
"အင်းးး"
မယ်မင်းပေးတဲ့ အဝတ်စားတွေလှမ်းယူပြီး ခုံပေါ်တင်လိုက်ကာ င်္အကျီချွတ်ဖို့ပြင်နေတာကြောင့် မယ်မင်းမှာ ချက်ချင်းဟိုဘက်လှည့်လိုက်ရပြီး ထအော်လိုက်ရသည်။"ဟဲ့ မချွတ်နဲ့လေ"
"ဟင် ကိုယ်က မချွတ်ဘဲ ဘလိုဝတ်ရမလဲ"ဘုန်းမာန်တစ်ယောက် မသိချင်ယောင်ဆောင်ကာပြောနေရင်း နောက်ကျောပေးထားတဲ့ ကောင်မလေးကိုကြည့်ရင်း ပြုံးနေမိသည်။
"နင် နင် ငါ့အခန်းထဲမှာ သွားလဲလို့ရတယ်၊ဟို ဟိုအခန်းပဲ"
"အိုကေ ကိုယ်သွားလဲလိုက်မယ်နော် တကယ်တော့ ဒီမှာလဲ လည်းရတာပဲကို ဟင်းးး"
ဘုန်းမာန်တစ်ယောက် ပြောရင်း မယ်မင်းအခန်းထဲ ဝင်ဖို့ခြေလှမ်းပြင်တုန်းရှိသေးတယ်။ မယ်မင်းအခန်းမရှင်းရသေးတာကို သတိရသွားလေသည် ။
'သေစမ်း မနေ့က သူ့ပုံတူဆွဲထားတာတွေ ပြန်ထုတ်ကြည့်ရင်း ကုတင်ပေါ်ဒီတိုင်းတင်ထားလိုက်တာ ပြီးတော့ အခုချိန်ဆို အခန်းထဲမှာ မနေ့ကဖွထားတဲ့ အဝတ်တွေရော ညကစားထားတဲ့ မုန့်တွေရောနဲ့ဟ'😂😂
"နေဦးးး ဘုန်းမာန်"
"ဟင် ဘာလဲ" မယ်မင်းလှမ်းခေါ်လိုက်တော့ မယ်မင်းအခန်းတံခါးလက်ကိုင်ကို ကိုင်ပြီး လှည့်ကြည့်လေသည်။"ဟင်းးး နင်ပြောသလို ဒီမှာလဲတာလည်း အဆင်ပြေသားပဲလို့ ငါ ငါပဲ အထဲဝင်လိုက်မယ် နင်ဒီမှာလဲလိုက်နော်"
မယ်မင်းကိုကြည့်ပြီး ဘုန်းမာန်တွေဝေသွားကာ ဟိုဘက်လှည့်ပြီး ပြုံးလိုက်လေသည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ