လေဆိပ်ကနေဆင်းတော့ တည်းမဲ့ ဟော်တယ် ကိုသွားဖို့ လူတစ်ယောက်က အသင့်စောင့်ကာ ကားသော့လာပေးလေသည်။အထုတ်တွေကိုသာ တင်ပေးကာ ထိုလူထွက်သွားမှ ဟော်တယ်ထိမယ်မင်းတို့နှစ်ယောက်ထဲသာ သွားရမယ်မှန်း သိရလေသည်။
"တက်လေ"
"နင် နင်မောင်းမှာလား မပင်ပန်းဘူးလား"
"ရတယ် လာ တခြားသူနဲ့ မစီးချင်လို့"
"အင်း"
လက်ကအကျင့်ပါနေကာ ကားရှေ့တံခါးကိုဖွင့်ဖို့လုပ်ပြီးမှ ကိုနဲ့သူနဲ့က ဘာမှမဟုတ်တော့တာကြောင့် မောင်းသူရဲ့ဘေး lover seatမှာ ထိုင်လို့မသင့်တော်ဘူးတွေးကာ အနောက်တံခါးဖွင့်တော့ ဘုန်းမာန်တစ်ယောက် ကျစ် ခနဲ စုတ်သတ်လိုက်ရင်း
"ဒီမှာ ကိုက driver မဟုတ်ဘူး အရှေ့မှာလာထိုင်"
"ဟို အရှေ့မှာက"
"မလိုဘူးရတယ် သူက အဲ့တာတွေနားလည်ပေးတယ် လာထိုင်"
"အင်းး"
မယ်မင်းခုံမှာငြိမ်ငြိမ်လေးထိုင်ပြီး အရင်ကအကြောင်းတစ်ချို့ကိုပြန်တွေးမိလေသည်။
မယ်မင်းကစကားမပြောသလို မောင်ကလည်း ကားမောင်းရင်း ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်ကာ စကားမပြောပေ။သူအလုပ်ရှုပ်နေတာလည်း မကြည့်ရက်ကာ ဘာပြောရမှန်းလည်း မသိတော့"ဟို ဟိုငါလေး ဘာလုပ်ပေးရမလဲ။အကူညီလိုရင် ပြောနော်"
မယ်မင်းပြောတော့ ဘုန်းမာန်က ကားမောင်းနေရင်း ပြုံးလိုက်ကာ
"ဘာလည်း ဒါက နေမကောင်းတဲ့ နေ့က ကိုယ်ပြုစုထားလို့ ကျေးဇူးပြန်ဆက်တာလား ဟင်းးး"
ဘုန်းမာန်ပြောလိုက်တော့ မယ်မင်းတစ်ယောက် သူ့ကိုအထင်လွဲနေတာသိကာ ပြာပြာသလဲလဲနှင့်
"အဲ့လို မဟုတ်ပါဘူး ဘာပဲပြောပြော နင်ကလည်း ငါ ငါလေးရဲ့ သူငယ်ချင်းပဲမို့ပါ"
"ဟားးး ကိုမင်းနဲ့ သူငယ်ချင်းမလုပ်ချင်ပါဘူး ။ထားပါတော့ အိုကေ ကိုယ် အကူညီလိုရင်ပြောမယ်"
ထို့နောက် တစ်ဖန် တိတ်ဆိတ်သွားတော့လေသည်။မနက်ဖြန်ဆို သူချစ်ရတဲ့ မောင်က တခြားလူတစ်ယောက်ရဲ့ အမျိုးသားလေး ဖြစ်တော့မည်။သူမနဲ့ကျတော့ သူငယ်ချင်းတောင် မဖြစ်ချင်တာကို သိရပြီး ဝမ်းနည်းလာမှုကို နှလုံးသားကလက်မခံနိုင်သေးပေမယ့် စိတ်က အတင်းဖိအားပေးကာ ငြိမ်သက်ခိုင်းနေပြန်သည်။ဟော်တယ်ရောက်တော့ အခန်းသော့ပေးကာ
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ