မယ် ဖုန်းချပြီးတဲ့ အချိန်ထိ ရှိုက်လို့မပြီးသေးပေ။ မယ့်ငိုနေတာကြည့်ပြီး သက်ထားက
"မယ် ငါ ငါတောင်းပန်ပါတယ်ဟာ ငါမပြောပြတာမဟုတ်ပါဘူး ဟိုတလောက ငါက ကိုရှိန်းနဲ့ ဖုန်းပြောရင်း နင်နဲ့ဘုန်းမာန် ချစ်သူတွေဖြစ်နေတယ်ဆိုတာ သူ့ကိုပြောလိုက်မိတာ သူကငါ့ထက်အရင်သိနေခဲ့တာမှန်းအဲ့ကျမှသိတယ် ပြီးတော့သူကအဲ့တာကိုရင်မဆိုင်နိုင်သေးဘူးတဲ့ ကျေးဇူးပြုပြီး နင့်ကိုမပြောပါနဲ့တဲ့။ ငါ့တွက် နင်ကအချစ်ဆုံးသူငယ်ချင်းဖြစ်သလို ကိုရှိန်းကလည်း ငါ့တွက်သူငယ်ချင်းတစ်ယောက်မို့ပါဟာ"
ကိုရှိန်းက မယ်မင်းတွက် အရာရာအနစ်နာခံခဲ့တဲ့ မယ်မင်းအပေါ်အကြွင်းမဲ့ ကောင်းတဲ့သူဆိုတာ မယ်မင်းသိတယ် ။မယ်မင်း ဘုန်းမာန်နဲ့ မတွဲဖြစ်ခဲ့ရင် ကိုရှိန်းနဲ့ တစ်ဘဝလုံးဖြတ်သန်းနိုင်လားမေးရင် ဖြတ်သန်းနိုင်လောက်ပါသည်။ဒါပေမယ့်ဘယ်သောအခါမှ ချစ်လာလို့မရပေ။သက်ထားကို အားနာပေမယ့် ဘုန်းမာန်ရှိလို့ဆိုပြီး ကိုရှိန်းကိုလည်း မစွန့်လွတ်နိုင်တဲ့ မယ်မင်းကို မယ်မင်းနားမလည်နိုင်ပေ။
"ရပါတယ် သက်ထားရယ် နင့်အပစ်မဟုတ်ပါဘူး ငါ ငါမကောင်းတာပါ ငါကတကိုယ်ကောင်းအရမ်းဆန်မှန်း ငါသိပါတယ် ငါအစထဲက ကိုရှိန်းကိုဖွင့်ပြောရမှာ ငါမပြောနိုင်ခဲ့ဘူး ငါ ငါ"
မယ့်ကိုကြည့်ပြီး သက်ထားရင်ထဲမှာချစ်ရသူတွက်လည်းစိတ်မကောင်းသလို သူငယ်ချင်းလေးတွက်လည်း နားလည်ပေးနိုင်သည်။ 'မယ်ရယ် ငါကိုရှိန်းကို ဘယ်လောက်ချစ်ချစ် အစထဲက ငါသိပါတယ် နင်ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ကိုရှိန်းအချစ်တွေက နင့်တွက်ဆိုတာ အဲ့တော့ နင်ဘယ်တော့မှမလွန်ပါဘူးဟာ'
(✍️ သက်ထားက ကိုရှိန်းကိုတစ်ဖတ်သတ်ကြိုက်နေပါတယ်လို့ သာသာအရှေ့ပိုင်းမှာထည့်ရေးပေးထားပါတယ်နော်✍️)
"ငါ နင့်ကိုနားလည်ပါတယ် မယ်ရယ် ဝမ်းနည်းမနေနဲ့ နင်ပျော်အောင်နေရမယ်နော်"
ည8:00လောက်တွင် သက်ထားက မယ်မင်းကို ချော့မော့ကာ ပြန်သွားလေသည်။ မယ်တစ်ယောက် စိတ်ထဲတွင် အတွေးများစွာဖြစ် ဧည့်ခန်းတွင်းဆက်ထိုင်နေမိသည်။ အဲ့အချိန်မှာပဲ မယ့်ဖုန်းလေးက အသံမြည်လာလေသည်။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ