မယ့် ကို အဝတ်လဲစေပြီး ကုတင်ပေါ်ထိုင်စေကာ ဘုန်းမာန်တစ်ယောက် မယ့်ဆံပင်တွေခြောက်အောင် dryer နဲ့သေချာမှုတ်ပေးနေလေသည်။
မှုတ်ပေးရင်း တစ်စုံတစ်ခုကို တွေးမိကာ"မယ်"
"ဟင်"
"မောင်တစ်ခုမေးမယ်နော် တကယ်လို့ပေါ့လေ မောင်ကအခု မယ့်ကိုလက်ထပ်ချင်ပြီလို့ပြောရင် မယ်ဘယ်လိုဆုံးဖြတ်မှာလဲဟင်"
အဆုံးစမရှိထမေးလိုက်တာကြောင့် မောင့်မျက်နှာကိုကြည့်လိုက်တော့ ဘာတွေးနေမှန်းမသိရအောင် ငြိမ်သက်နေတာကြောင့် မယ်မင်းသက်ပြင်းလေးချလိုက်ပြီး
"မောင်က လက်ထပ်ချင်ပြီလား"
မယ်မင်းမေးလိုက်တော့ မောင်တစ်ယောက် တစ်ခုခုကိုတွေးမိပြီး ချက်ချင်းမျက်နှာလေးပြုံးသွားကာ
"ဟာ မယ်ကလည်း မောင်က အချစ်ဆုံးကို
ဘယ်အရွယ်ထဲကလက်ထပ်ချင်လဲသာ သူများတွေသိရင် မောင်အခုချိန်ထောင်ထဲရောက်နေလောက်ပြီ ဟင်းးးး"😈မောင်ပြောလိုက်ပြီး အနောက်ကနေဆံပင်တွေကိုဖယ်လိုက်ပြီး လည်ဂုတ်လေးကိုဖိကပ်နမ်းလိုက်တာကြောင့် မယ်မင်းကြက်သီးများထသွားရကာ ဗိုက်ခေါက်ကို လှည့်ပြီး လိမ်ဆွဲလိုက်ပြီး
"နှာဘူးကြီး သွားနေလိုက် ထောင်ထဲမှာ ဟွန့်"
"အားးးး နာတယ်ကွ သူ့အသားမဟုတ်တိုင်း သူများကို ဆရာမလို့မပြောရဘူး မယ်က"
သူဖြစ်ပုံကိုကြည့်ပြီး မယ်မင်းတစ်ယောက် ရီနေလိုက်သည်။ဆံပင်တွေခြောက်အောင်မှုတ်ပေးပြီး သေချာလေးဖြီးပေးပြီးတဲ့နောက်မှာတော့ မယ့်ကိုရင်ခွင် ထဲထည့်ထားကာ ဆံပင်တွေကြားထဲမျက်နှာအပ်ထားရင်း ဘုန်မာန်တစ်ယောက်မယ်မင်းကိုပြောလိုက်လေသည်။
"မယ် မောင် ဒီနေ့ကိစ္စလေးတစ်ချို့ရှင်းပြီးသွားရင် မနက်ဖြန်နေ့လည် 12:00 မယ့်ဆီ မောင်လာခဲ့မယ် မယ် လှလှလေးဝတ်ပြီး မောင့်ကိုစောင့်နေနော်"
ဘုန်းမာန် ဘာပြောချင်လဲ မယ်မင်းသိနေပေမယ့် တကယ်တန်း သူနဲ့ကို က အချစ်တစ်ခုကလွဲရင် ကျန်တာဘယ်နေရာမှ မတူပေ။ တစ်ချိန်ချိန်မှာ ကြုံတွေ့ရမယ့် အရာတွေကို သူရော ကိုယ်ရော ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပါ့မလား တွေးမိကာ သူ့ရင်ခွင်ထဲကထွက်လိုက်ပြီး
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ