ကားထဲမှာ မ တစ်ယောက် သူ့ရင်ခွင်ထဲမှာငိုနေရင်းကားတံခါးကိုဖွင့်ပြီး ဆင်းဖို့လုပ်တော့ အသည်းသန်တားလိုက်ပြီး
"ဟာ မ ဘယ်သွားမလို့လဲ ကျွန်တော်လိုက်ပို့မယ်လေ"
"ငါ ငါအခုခေါင်းထဲမှာ အရမ်းပြည့်ကျပ်နေပြီ ဘာမှမတွေးချင်တော့ဘူး ငါဘာလုပ်ရမလဲ ဟီးးးး"
ထင်လင်းမာန်တစ်ယောက် မကိုကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။မရဲ့ကိစ္စမှန်သမျှ daddy ကို အကြောင်းကြားရမှာသိပေမယ့် ဒီတစ်ခါ daddy ကိုဆန့်ကျင်ပြီး မအတွက်သာ တွေးလိုက်မိသည်။ သက်ပြင်းရှည်တစ်ခုချလိုက်ပြီး
"မ တကယ်အကုန်လုံးကို မေ့ချင်လား"
သူမေးလိုက်တော့ ခေါင်းလေးငုံ့ပြီး ရှိုက်နေရာမှာမော့လာပြီး
"အင်းး"
"အိုကေ ကျွန်တော် လုပ်ပေးမယ်"
အဲ့ဒိနောက် ရောင်စုံမီးတွေ beatတွေနဲ့ မြူးကြွပြီး လူအများကခုန်နေတဲ့ club တစ်ခုကိုခေါ်သွားလိုက်လေတော့သည်။ဒီလိုနေရာမျိုးကို မကြိုက်တဲ့ မက အခုတော့ သူ့ကိုဘာမှမပြောဘဲ ထိုင်နေလေသည်။အဲ့ဒိနောက်မှာတော့
"မ ရော့ မက ဒီcocktail လေးသောက်"
"မင်းဟာက ဘာလဲချာတိတ်"
"အာ ကျွန်တော့ဟာက ပြင်းတယ် ဝီစကီတွေ"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ