နှစ်ယောက်သား ငြင်းခုန်မှုတွေပြီးတော့ မယ်မင်းမှာ အရက်ကြောင့်ရော မျက်ရည်တွေကြောင့်ပါ မောပန်းသွားကာ ဘုန်းမာန်တစ်ယောက်ချော့သိပ်မှုဖြစ် အိပ်ပျော်သွားလေသည်။သူမလေးကို အိပ်ရာပေါ်တင်ပေးပြီး ခဏလောက် ကြည့်နေမိကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မီးအိမ်လေးကို ပိတ်လိုက်ကာ အခန်းထဲကထွက်လာလိုက်သည်။ထို့နောက် ရှုပ်ထွေးနေသော စိတ်တို့ကြောင့် မီးဖိုချောင်ကို ဦးတည်လိုက်ကာ သောက်လက်စပုလင်းကို ငှဲ့ကာ တစ်ခွက်ပြီးတစ်ခွက် ဆင့်သောက်နေမိသည်။
သူမလေး သူ့အနားမှာခေါ်ထားနိုင်ဖို့ သူဘာတွေဆက်လုပ်ရမလဲ မသိတော့ပေ။ဘေးလူတွေဘယ်လိုဖျက်ဖျက် သူ ဂရုမစိုက်ပေမယ့် အခု သူမလေးကိုယ်တိုင်က ထွက်သွားချင်နေတာကို သူမခံစားနိုင်ပေ။သက်ပြင်းတစ်ချက် ချလိုက်ကာ သုံးလေးခွက်လောက် သောက်ပြီး သူမလေးကို လွမ်းလာတာကြောင့် ခဏလေးတောင် သည်းမခံနိုင်တဲ့ ကိုယ့်ကို ကိုယ် ဟက်ခနဲ ရီလိုက်မိပြီး စိတ်ရဲ့တောင်းတမှုကိုဖြည့်ဆည်းရန် သူမလေးရှိရာအခန်းဆီ ပြန်ဝင်ဖို့လုပ်လိုက်လေသည်။ဘုန်းမာန်တစ်ယောက် အပူပင်ကင်းကာအိပ်ပျော်နေသောမယ်မင်းလက်ကို မလွတ်တန်းစွဲကာ အနားကပ်နေမိသည်။ မေးဖျားလေးကိုဆွဲယူပြီး အိပ်ပျော်နေတဲ့ သူမလေးရဲ့ နှုတ်ခမ်းတို့ကို နမ်းလိုက်တော့ အိထွေးနေလျက် စောနကသူသောက်လာတဲ့ ဝီစကီတို့ထက် ပိုယစ်မူးဖို့ကောင်းနေလေသည်။အချိန်အတော်ကြာနမ်းမိတော့ သူမလေး လှုပ်ရှားလာတာကြောင့် မလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရသည်။ သူသိတယ် သူသာလက်လွှတ်လိုက်တာနဲ့ သူမလေး သူ့အနားကထွက်သွားတော့မယ်ဆိုတာ။ထို့ကြောင့် သူမလွှတ်နိုင်ပေ။
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ