မယ်မင်း toilet ကပြန်ထွက်လာတော့ ကိုကိုက စားပြီးနေပြီ။
"ကိုကိုရေ မယ် တို့သွားရအောင် နောက်မှကိုကိုနဲ့ အေးဆေးပြောကျတာပေါ့ ဪ စာသင်ဖို့လာရင် မယ့်ဘာသာပဲလာမယ်နော် ကားမလွှတ်ပါနဲ့"
"ဘာလို့လည်း ငယ်က အဲ့ကားမကြိုက်ဘူးလား ချိန်းပေးရမလား"
"ဟာ မဟုတ်ပါဘူး အဲ့လိုကြီးလွှတ်တာ အားနာလို့ ပြီးတော့ ရပ်ကွက်အကြောင်းလည်း ကိုကိုသိတာပဲကို နော်"
"မဆိုင်တာ ငယ်ရယ် အဲ့တာဆို ကိုကိုက ငယ့်ဆီက ထမင်းယူစားခဲ့တာတွေ စာအုပ်ဖိုးပေးတာတောင်မကဘူး စာရေးကရိယာတွေကအစ ယူခဲ့တာကျတော့ အားနာရမှာလား ပတ်ဝန်းကျင်ကြောင့်ဆို ပိုတောင်ဆိုးသေး ဂရုကိုမစိုက်နဲ့ ငယ့်ကိုတစ်ခုခုပြောရဲပြောကြည့် တစ်ရပ်ကွက်လုံး မီးပုံရှို့မယ်"
"အဲ့လိုမဟုတ်ဘူးလေ"
"အဲ့လိုအဓိပ္ပာယ်ပဲ ငယ်ပြောနေတာက ကိုကိုတို့က အားနာရမယ့်သူတွေလားပြော"
မယ်မင်းတစ်ယောက် သူကတစ်ခွန်းပြောရသေးတယ် ဆယ်ခွန်းလောက် ကပ်ကပ်လန်နေတဲ့ ကိုကို့ကြောင့် ဘာပြောရမှန်းမသိတော့ပေ။
"လုပ်ချင်တာသာ လုပ်တော့ ကိုကိုရေ ပြောတော့ဘူး ဘာမှ"
"ဟားးးးး ကလေးပေါက်စိတ်ဆိုးနေပြန်ပြီကွာ"
ကိုကိုရီနေတော့ မယ်မင်းလည်း လိုက်ရီကာ နှစ်ယောက်သား ဆိုင်ထဲက ထွက်လာခဲ့ကျလေသည်။ အဂ္ဂမာန်တစ်ယောက် ငယ့်ကို လိုက်ပို့ပြီး ပြန်ထွက်သွားလေသည်။ မယ်မင်း ဘုန်းမာန်နဲ့ ချိန်းထားတဲ့ ဆိုင်ထဲရောက်တော့ ဘုန်းမာန်က ကြိုရောက်နေလေသည်။ဆိုင်ထဲဝင်လာတဲ့ သူ့ကလေးမကိုကြည့်ရင်း စိတ်တွေတိုနေလို့ ဘုန်းမာန်တစ်ယောက်မျက်နှာစူပုတ်နေမိသည်။
"ဘုန်းမာန် ကြိုရောက်နေတာ မယ့်လည်းမပြောဘူး"
မယ်မင်းကပြောလိုက်ပေမယ့် မျက်လုံးတစ်ချက်ပဲ လှန်ကြည့်ပြီး ပြန်ငုံ့သွားတဲ့ မောင့်ကြောင့် တစ်မျိုးလေးဖြစ်သွားလေသည်။
"ဘုန်းမာန် ဘာဖြစ်လို့လဲဟင် အလုပ်အဆင်မပြေလို့လားဟင် တခြားဟာတစ်ခုခုလား"
"ဟင်လို့"
YOU ARE READING
First (season 2)
Romanceဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ