မယ်မင်းတစ်ယောက် ချာတိတ်ကို ပထမဆုံး စာသင်ရမဲ့နေ့မို့ အနည်းငယ်စောထွက်ဖို့ လုပ်တော့ အိမ်ရှေ့မှာ အသင့်စောင့်နေတဲ့ ကားကိုတွေ့ကာ မယ်မင်းထွက်လာတော့ ကားဒရိုင်ဘာက တံခါးဆင်းဖွင့်ပေးလိုက်တာမို့
"ကားက မောင်ထင်လင်းမာန်တို့အိမ်ကလား"
"ဟုတ်ကဲ့ မမလေး"
"ကျွန်မကို မမလေးလို့ မခေါ်ပါနဲ့ အန်ကယ်ကကျွန်မဦးလေးအရွယ်မို့ ကျွန်မနာမည် မယ်မင်း ပါ မယ်မင်းလို့ပဲခေါ်ပါနော်။ ပြီးတော့ ကျွန်မဘာသာ သွားလိုက်ပါမယ်"
"ဟာ အဲ့လိုလုပ်လို့မရလို့ပါ မမလေး ကျွန်တော့ကို သူဌေးက မမလေးကို ကြိုပို့လုပ်ဖို့ သီးသန့် ငှါးထားတာပါ ဒီနေ့မှအလုပ်စဆင်းတာမို့ မမလေး မစီးဘူးဆို ကျွန်တော်အလုပ်ပြုတ်မှာပါ"
မယ်မင်းတစ်ယောက် ဒေါသထွက်သွားလေသည်။လောကမှာ အတင်းကျပ်လုပ်တာလောက် အမြင်ကတ်တာမရှိပေ။ အရှေ့က ဦးလေးကိုလည်း သနားတာကြောင့် ထပ်မငြင်းတော့ဘဲ ကားပေါ်တက်လိုက်ခဲ့လိုက်သည်။ ထိုချိန်မှာပဲ ဖုန်းဝင်လာတော့
"ဟယ်လို ဘုန်းမာန် ပြော"
"မောနင်း မောင့်မိန်းကလေး နိုးပြီလား မောင်အခုပဲနိုးတယ်"
"ဟင်းးး အိပ်ပုတ်ပဲ မယ်ကနိုးလို့စာသင်ဖို့တောင်သွားနေပြီ"
"အာာ shit မောင်မေ့သွားတာ မယ် ဒီနေ့ ကျူရှင်ပြန်စမှာကို မောင်အခုချက်ချင်းထွက်လာခဲ့လိုက်မယ်လေ ခဏပဲစောင့်"
"ရပါတယ် ဘုန်းမာန်ရဲ့ မလိုတော့ဘူး မယ်အခုကားပေါ်တောင်ရောက်နေပြီ ညနေမှတွေ့မယ်နော်"
"ဟာာ ဆောရီးကွာ မောင်အခုတလော အလုပ်ကိစ္စက နည်းနည်းများနေလို့"
"မယ့်ကို12:00နာရီကျရင် Lunch လိုက်မကျွေးချင်ဘူးလား"
" အိုးးး my sweetheart ဘယ်လိုပြောလိုက်ပါလိမ့် ကျွေးချင်တာပေါ့ဗျာ"
"အိုကေ ကဲကဲထတော့ အလုပ်သွားဖို့ပြင်တော့ ဆရာသမား နေ့လည် မယ် ဘုန်းမာန်ရုံးနားက စားသောက်ဆိုင်ကို လာခဲ့မယ်"
"ဟုတ်ပါပြီဗျ မောင့်ချစ်သူလေးပြောသလို လုပ်လိုက်ပါမယ် ဟင်းးးး"
YOU ARE READING
First (season 2)
عاطفيةဘယ်လောက်ပဲ မျဉ်းပြိုင်ဖြစ်နေပစေ infinity ရဲ့ တစ်နေရာမှ မဆုံနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ