{အပိုင္း၁}

18 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော{အပိုင်း၁}

........................................................................

လပြည့်ညမို့ ကောင်းကင်တစ်ခွင်လုံး လ၏ အလင်းရောင်ဖြင့် ထိန်ထိန်လင်းလျှက်ရှိလေသည်။ ထို့အတူ ကြယ်ရောင်စုံလေးများကလည်း ကောင်းကင်ထက် တလက်လက်လင်းလို့ တောက်ပနေကြပြီး တိမ်စိုင်ဖြူဖြူလေးတွေ ဟိုတစ်စု ဒီတစ်စု ရွှေးလျားနေသည့်မြင်ကွင်းကလည်း လပြည့်ညကို ပို၍ သက်ဝင် လှပနေသယောင် ဖန်ဆင်းနေသကဲ့ ရှိ၏။

ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ် ငြိမ်သက်လျှက်ရှိပြီး တစ်ချက်တစ်ချက် တိုးဝှေ့တိုက်ခတ်သွားလေသည့် လေပြည်တိုးသံသဲ့သဲ့က ည၏အလှနှင့် ပေါင်းစပ်ခံစားလိုက်လေတော့ သာယာငြိမ့်ညောင်းဖွယ် နတ်ဆောင်းသံအလား...ရင်သိမ့်ကြည်နူးဖွယ် ကောင်းလွန်းလှပေသည်။

ထို တိတ်ဆိတ်ခြင်း လှပခြင်း သာယာငြိမ့်ညောင်းခြင်းတွေဖြင့် ဖွဲ့သီထားလေသော လပြည့်ည၏ လွှမ်းခြုံမှု့အောက်မှာတော့ သက္ကရဓမ္မီ အမည်ရှိ တိုင်းပြည်ငယ်လေးက အပုူပင်ကင်းကင်း ငြိမ်းချမ်းစွာ အိပ်မောကျလျှက်ရှိနေလေပြီး ည၏ ဆွဲငင်မှူ့အောက်မှာ ပျော်ဝင်စီးဆင်းလျှက်ရှိလေသည်။

သို့သော်...။ တတိုင်းပြည်လုံး ည၏ ဆွဲငင်မှု့အောက် ငြိမ်းချမ်းစွာ ပျော်ဝင်မှေးစက်လျှက်ရှိသော်လည်း သက္ကရဓမ္မီရွှေမြို့တော်ကြီး၏ အလယ်ဗဟိုကျရာဖြစ်သော ရွှေနန်းတော်ကြီးထဲမှာတော့ ငြိမ်းချမ်းခြင်းတွေ ပျောက်ဆုံးလျှက်ရှိပြီး သောကအပူကြီးမားစွာဖြင့် ည၏ဆွဲငင်မှု့ထဲ မပျော်ဝင်နိုင်လေသော လူတစ်စု ရှိနေကြလေသည်။

ထိုလူများသည်ကား...သက္ကရဓမ္မီတိုင်းပြည်ကြီး၏ ရေမြေ့ရှင်သခင် ဘုရင်မင်းတရားကြီးနှင့်တကွ သူ့၏ အခစားတော်များဖြစ်ကြသည့် မှူးမတ်ခြွေရံသင်းပင်း တသိုက်ပဲ ဖြစ်လေသည်။

မှူးကြီးမတ်ရာများနှင့် ဝန်မင်းတို့၏ မျက်နှာတော်များသည် ထှိုင်းမှိုင်းလျှက်ရှိလေပြီး ညညီလာခံသဘင်ခန်းမထိပ်ဆီက ရှင်ဘုရင်မင်းတရားကြီး၏ မျက်နှာတော်ကိုသာ မော်ဖူးလျှက်ရှိလေကာ မင်းတရားကြီး၏ အမိန့်အာဏာကို စောင့်ဆိုင်းလျှက် ရှိလေသည်။ အချိန်အတော်ကြာသည့်တိုင်အောင် မင်းတရားကြီးနူတ်တော်က ဘာတစ်ခုမှ မိန့်မှာကြားခြင်းမရှိလေတော့ တိတ်ဆိတ်ခြင်းကို သည်းမခံနိုင်တော့သည့် ကင်းဝန်မင်းက စတင် လျောက်ထားလေတော့သည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now