အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၃၆}
..............................................................................
မှိန်ဖျဖျလရောင်အောက်တွင် မောဝိယမင်းကြီး၏ နန်းဆောင်က ထီးထီးမားမားဖြင့် ခမ်းနားစွာ တည်ရှိလျှက် ရှိသည်။
နန်းဆောင်၏ အရှေ့ဘက်တွင်တော့ ကိုယ်ရံတော် စစ်သည် အနည်းငယ်ခန့်က ရပ်ကာ စောင့်ကြပ်ကာကွယ်လျက် ရှိ၏။
ထိုမြင်ကွင်းကြောင့် စက္က၏ မျက်ခုံးတွေ တွန့်ကြုတ်သွားရသည်။ ပုံမှန်အားဖြင့် မင်းကြီး၏ နန်းဆောင်တွင် စောင့်ကြပ်လျှက်ရှိကြသော ကိုယ်ရံတော်များမှာ အလွန်များပြားလွန်းလှသည်။ ယခု အနည်းငယ်လောက်သာ မြင်ရသည်မှာ အဘယ်ကြောင့်များ ဖြစ်မည်နည်း။
စက္က တွေးတောရင်း ပူလောင်နေသော ရင်နှင့် စက္က နန်းဆောင်ရှေ့ လျောက်လာခဲ့လေတော့ ကိုယ်ရံတော် ရဲမက်တစ်ဦးက ရှေ့ထွက်လာကာ ဦးညွတ်၍ အရိုသေပြုလေ၏ ။ ထို့နောက် စက္ကကို မေးမြန်းလာတော့သည်။
တပ်မှူး ဘာကိစ္စ ရှိလို့ပါသလဲ..."
မောဝိယ မင်းကြီး အခန်းဆောင်ထဲ ရှိနေသလား..."
စက္ကက ပြန်မေးလေတော့ ကိုယ်ရံတော် စစ်သည်ခေါင်းခါသည်။
မရှိပါဘူး တပ်မှူး မင်းကြီး ကိုယ်ရံတော်အဖွဲ့ ခြံရံပြီး မိဖုရားခေါင်ကြီး နန်းဆောင်ကို စက်တော်ခေါ်ဖို့ ကြွမြန်းသွားပါပြီ..."
ဘာ ...မင်းကြီး မရှိဘူး မိဖုရားခေါင်ကြီး အဆောင်တော် မြန်းသွားတယ်ဟုတ်လား..."
ကိုယ်ရံတော်စစ်သည်၏ အဖြေကြောင့် စက္က ရင်ထဲ လေးပင်သွားရကာ သေချာထပ်မေးမိသည်။ စစ်သည်က ခေါင်းညိတ်လျှက်။
ဟုတ်ပါတယ် တပ်မှူး မင်းကြီး မရှိပါဘူး မိဖုရားခေါင်ကြီး နန်းဆောင် ရောက်နေကြောင်းပါ..."
ဘယ်အချိန်မှ ပြန်ရောက်လာလေမလဲ..."
ဒါတော့ ကျွနု်ပ် လည်း သေချာမသိကြောင်းပါ တစ်ခါခါ မင်းကြီးက မိဖုရားတွေ အဆောင်ကိုကူးတဲ့အခါ ချက်ချင်း ပြန်ရောက်လာတာမျိုး ရှိသလို မနက်မှ ပြန်လည် ကြွမြန်းတာမျိုးလည်း ရှိကြောင်းပါ..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Ficción históricaမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်